www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 6, 2016

တာရွှေထန်၌ ဒေသန္တရရီမုမိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ


နေပြည်တော် ၊ ၆-၁၂-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်၊ တာရွှေထန် အဝင်ဂိတ်၌ တပ်မတော် သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် ယာဉ်နှင့် လူများအား စစ်ဆေး ဆောင်ရွက်လျက် ရှိစဉ် ဒီဇင်ဘာ ၄ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် နမ့်ကော်ရွာမှ လောက်ကိုင်မြို့ ဘက်သို့ ဦးလီကောင်းအမ်း မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာ ဆိုင်ကယ် တူးဘောက် အတွင်းမှ ဒေသန္တရ ရီမုမိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များနှင့် ဓာတ်ခဲ တစ်လုံးအား တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိ သူအား KIA/ TNLA/ MNDAA/ AA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ များနှင့် ပတ်သက် ဆက်စပ်မှု ရှိ၊ မရှိ စစ်ဆေး ဆောင်ရွက်နိုင် ရန်နှင့် တရား ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန် တာရွှေထန် ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger