www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 6, 2016

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း 17th ASEAN Chiefs of Army Multilateral Meeting(17th ACAMM) အစည်းအဝေး နှင့် ညစာစားပွဲ တက်ရောက်


ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ACAMM Protocol ကို လက်မှတ်ရေးထိုးစဉ်

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း 17th ASEAN Chiefs of Army Multilateral Meeting(17th ACAMM) အစည်းအဝေး သို့ 
တက်ရောက်စဉ်

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အာဆီယံ ကြည်းတပ်ဦးစီးချုပ်များနှင့် အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်စဉ်

နေပြည်တော် ၊ ၆-၁၂-၂၀၁၆

ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိနေသော ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ဒီဇင်ဘာ ၅ ရက် ဒေသ စံတော်ချိန် နံနက် ၈ နာရီတွင် မနီလာမြို့ရှိ Philippine International Conventional Center ၌ကျင်းပ ပြုလုပ်သော 17th ASEAN Chiefs of Army Multilateral Meeting(17th ACAMM) အစည်းအဝေးသို့ တက်ရောက်သည်။

အဆိုပါ အစည်းအဝေး သို့ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အတူ ဘရူနိုင်း တပ်မတော် ကြည်းတပ်ဦးစီးချုပ် Brigadier General Pengiran Dato Seri Pahlawan Aminan Bin pengiran Haji Mahmud ၊ ကမ္ဘောဒီးယား တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Meas Sophea ၊ အင်ဒိုနီးရှား တပ်မတော် ကြည်းတပ် ဦးစီးချုပ် General Mulyono ၊ လာအိုတပ်မတော် ကြည်းတပ်ဦးစီးချုပ် Brigadier General Khamlieng Outhakaisone ၊ မလေးရှားတပ်မတော် ကြည်းတပ်ဦးစီးချုပ် General Tan Sri Raja Mohamed Affandi Bin Raja Mohamed Noor ၊ ဖိလစ်ပိုင် တပ်မတော် ကြည်းတပ်ဦးစီးချုပ် Lt. General Eduardo M AN͂ O AFP ၊ စင်ကာပူတပ်မတော် ကြည်းတပ်ဦးစီးချုပ် Major General Melvyn Ong ၊ ထိုင်းဘုရင့် တပ်မတော် ဒုတိယကြည်းတပ် ဦးစီးချုပ် General Pisit Sitthisarn နှင့် ဗီယက်နမ် တပ်မတော် ကြည်းတပ်ဦးစီးချုပ် Lt.General Pham Hong Huong တို့ တက်ရောက် ကြသည်။

ဦးစွာ ဖိလစ်ပိုင် တပ်မတော် ကြည်းတပ်ဦးစီးချုပ် Lt. General Eduardo M AN͂ O AFP က ကြိုဆို နှုတ်ခွန်းဆက်ခြင်း နှင့် အဖွင့် အမှာစကား ပြောကြားပြီး အထူးဖိတ်ကြား ထားသော National Security Adviser SECRETARY HERMOGENES C.ESPERON Jr. က အမှာစကား ပြောကြားကာ တက်ရောက်လာကြ သူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးကြသည်။ ဆက်လက်ပြီး အစည်းအဝေး တက်ရောက် လာကြသော ကြည်းတပ် ဦးစီးချုပ်များက နိုင်ငံအလိုက် အကြောင်းအရာများ အလှည့်ကျ ဆွေးနွေးခဲ့ကြပြီး နေ့လယ်စာ အတူတကွ သုံးဆောင်ကြသည်။

ဆက်လက်ပြီး နေ့လယ်ပိုင်းတွင် အစည်းအဝေး ပိတ်ပွဲကို ဆက်လက် ကျင်းပရာ ဖိလစ်ပိုင် တပ်မတော်ကြည်းတပ် ဦးစီးချုပ် Lt.General Eduardo M AN͂ O AFP က နိဂုံးချုပ် အမှာစကား ပြောကြားသည်။ ထို့နောက် အာဆီယံ ကြည်းတပ်ဦးစီးချုပ် များက ACAMM Protocol ကို လက်မှတ်ရေးထိုး ကြပြီးနောက် ဖိလစ်ပိုင်တပ်မတော် ကြည်းတပ်ဦးစီးချုပ် Lt. General Eduardo M AN͂ O AFP သည် ၂ဝ၁၇ ခုနှစ်အတွင်း ၁18th ASEAN Chiefs of Army Multilateral Meeting(18th ACAMM) အစည်းအဝေးများ လက်ခံကျင်းပမည့် စင်ကာပူ တပ်မတော်မှ ကြည်းတပ်ဦးစီးချုပ် Major General Melvyn Ong ထံတာဝန် လွှဲပြောင်းပေးအပ်ပြီး အထိမ်းအမှတ် ကျိုင်းကို လွှဲပြောင်း ပေးအပ်ကာ အမှတ်တရဓာတ်ပုံ ရိုက်ကူး၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ ကြသည်။

ထို့နောက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် Sofitel ဟိုတယ်တွင် ဖိလစ်ပိုင် တပ်မတော် ကြည်းတပ်ဦးစီးချုပ် Lt. General Eduardo M AN͂ O AFP နှင့်တပ်မတော် နှစ်ရပ်ကြားရှိပြီး ဖြစ်သည့် စစ်ရေးဆိုင်ရာ အတွေ့အကြုံများ ဖလှယ်ခြင်း၊ နည်းပညာဆိုင်ရာ ပူးပေါင်း လေ့လာခြင်း တို့အတွက် အဆိုပြုခြင်း နှင့် ဆက်စပ်တိုးမြှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေး အလားအလာများ အမြင်ချင်း ဖလှယ်ခြင်းတို့အား လည်းကောင်း၊ ဆက်လက်၍ ထိုင်းဘုရင့် ကြည်းတပ်မတော်၊ ဒုတိယ ကြည်းတပ်ဦးစီးချုပ် General Pisit Sitthisarn နှင့် ဒေသစံတော်ချိန် ညနေ ၃ နာရီ မိနစ် ၂ဝ တွင် Sofitel ဟိုတယ်၌ ထပ်မံတွေ့ဆုံခဲ့ပြီး သင်တန်းဆိုင်ရာ ကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ် အကြား ရှိပြီး ချစ်ကြည် ရင်းနှီးမှု တိုးမြှင့်ရေး ဆိုင်ရာများ၊ မူးယစ်ဆေးဝါး နှင့် လူကုန်ကူးမှု ဆိုင်ရာ ကိစ္စရပ်များ၊ အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှု တို့ဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေး တို့အပြင် Cobra Gold ကဲ့သို့ နိုင်ငံစုံပူးပေါင်း စစ်ရေး လေ့ကျင့်ခန်း များတွင် လေ့လာသူ အဖြစ်နှင့် နှစ်စဉ်ပါဝင် နိုင်ရေး စသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြပြီး အပြန်အလှန် အထိမ်းအမှတ် လက်ဆောင်များ ပေးအပ်ခဲ့ ကြသည်။

ယင်းနောက် ဒေသ စံတော်ချိန် ည ၆ နာရီ ၄၅ မိနစ်တွင် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်းနွယ် တို့သည် ခေတ္တ အခြေပြုရာ Sofitel ဟိုတယ်၊ Luzon Hall ၌ ဖိလစ်ပိုင် တပ်မတော် ကြည်းတပ်ဦးစီးချုပ် Lt.General Eduardo M AN͂ O AFP နှင့်ဇနီးတို့ တည်ခင်း ဧည့်ခံသော (ACAMM-17) ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်သည်။

အဆိုပါဂုဏ်ပြု ညစာစားပွဲသို့ အာဆီယံနိုင်ငံ များမှ ကြည်းတပ် ဦးစီးချုပ်များနှင့် ဇနီးများ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ဖိလစ်ပိုင် တပ်မတော်ကြည်းတပ် ဦးစီးချုပ် Lt.General Eduardo M AN͂ O AFP တို့ အထိမ်းအမှတ် 
လက်ဆောင်များ အပြန်အလှန် ပေးအပ်စဉ်

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်းနွယ် ဖိလစ်ပိုင် တပ်မတော်ကြည်းတပ် ဦးစီးချုပ် Lt.General Eduardo M AN͂ O AFP နှင့်ဇနီးတို့ တည်ခင်း ဧည့်ခံသော (ACAMM-17) ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်စဉ်

ဦးစွာ ဖိလစ်ပိုင်တပ်မတော် ကြည်းတပ်ဦးစီးချုပ် Lt.General Eduardo M AN͂ O AFP က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားပြီး အာဆီယံနိုင်ငံများမှ ကြည်းတပ် ဦးစီးချုပ်များ၊ ဇနီးများနှင့် အတူ ညစာကို အတူတကွ သုံးဆောင် ကြသည်။ ညစာမသုံးဆောင်မီ နှင့် သုံးဆောင် နေစဉ်အတွင်း ဖိလစ်ပိုင် တပ်မတော် (ကြည်း) ယဉ်ကျေးမှုအဖွဲ့က တေးသီချင်းများဖြင့် ဖျော်ဖြေ ကြသည်။ ယင်းနောက် အထိမ်းအမှတ် လက်ဆောင် ပစ္စည်းများ အပြန်အလှန် လဲလှယ်ခဲ့ ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger