www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 28, 2016

နမ့်ခမ်းမြို့နယ် လွယ်အင်ကျေးရွာတွင် TNLA လက်နက်ကိုင်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲ ၊ မူဆယ်မြို့နယ် ပန်ခမ်းတံတားတွင် KIA လက်နက်ကိုင် အဖွဲ့ဝင်တစ်ဦး ဖမ်းဆီးရမိ


သိမ်းဆည်းရမိလက်လုပ်မိုင်းနှင့် ဆက်စပ်ပစ္စည်းများကို တွေ့ရစဉ်

ဖမ်းဆီးရမိ KIA လက်နက်ကိုင်အဖွဲ့ဝင် တစ်ဦးကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၈-၁၁-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် လွယ်အင်ကျေးရွာ တွင် ယမန်နေ့ ညနေပိုင်းက TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးေ ပါက်ကွဲခဲ့ပြီး မူဆယ်မြို့နယ် အတွင်းရှိ ပန်ခမ်းတံတား တွင် KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ဝင်တစ်ဦး ဖမ်းဆီးရမိ ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန် ထားသည်။

နမ့်ခမ်းမြို့နယ် လွယ်အင်ကျေးရွာ အဝင် ညောင်ပင်အနီး တွင် နိုဝင်ဘာ ၂၆ ရက် ည ၆ နာရီ ၄၅ မိနစ် ခန့်က TNLA လက်နက်ကိုင်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံး ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာ ၂၆ ရက် ည ၈ နာရီခန့် ကလည်း ပန်ခမ်းကျေးရွာမှ မူဆယ်မြို့ ဘက်သို့ ဆိုင်ကယ်နှစ်စီး ဖြင့် မောင်းနှင်လာသော အမျိုးသား သုံးဦးသည် ပန်ခမ်းတံတား အလွန် လမ်းဘေးတွင် မိုင်းတစ်လုံး ပစ်ချဖောက်ခွဲ သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပစ်ခတ်ရှင်းလင်းရာ ၄င်း ဆိုင်ကယ်နှစ်စီးမှာ မူဆယ်မြို့တွင်း သို့ မောင်းနှင်ထွက်ပြေး သွားကြောင်း၊ အဆိုပါ ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှု မရှိကြောင်း၊ ယမန်နေ့နံနက် ၉ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင် များသည် ပန်ခမ်းတံတား တစ်ဝိုက် နယ်မြေ ရှင်းလင်းစဉ် လမ်းဘေး အမှိုက်ပုံအနီးမှ လက်လုပ်မိုင်း တစ်လုံး တွေ့ရှိပြီး ပန်ခမ်းတံတား ပေါ်တွင်လည်း မသင်္ကာဖွယ် အမျိုးသား တစ်ဦးကို တွေ့ရှိသဖြင့် စိစစ်ရာ KIA လက်နက်ကိုင် အဖွဲ့မှ တပ်သားအဆင့် ရှိသူ ဂန်မွန်း (ဘ) ဦးနေဂဒေါင်၊ ပန်ဂျတ်ရွာ မန်ဝိန်းကြီးအုပ်စု ဗန်းမော်မြို့နယ်တွင် နေထိုင်သူ ဖြစ်ကြောင်း သိရသဖြင့် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရန် ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger