www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, November 27, 2016

KIA/TNLA/MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦးဒဏ်ရာရရှိ


KIA/TNLA/MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် 
ဒဏ်ရာရရှိသူ ရွာသားတစ်ဦးကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၇-၁၁-၂၀၁၆

KIA/TNLA/MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် တောင်ယာ ရှင်းလင်းနေသည့် ရွာသားတစ်ဦး လက်ထိခိုက် ဒဏ်ရာရရှိ ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

ကွတ်ခိုင်မြို့နယ် မန်လွယ်ကျေးရွာ နေ ဦးကျန်ရီချမ်း ၆၃ နှစ်သည် မန်လွယ်ကျေးရွာ အနီး ကြံစိုက်ခင်း၌ တောင်ယာ လုပ်ကိုင်နေစဉ် နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီက KIA/TNLA/MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဦးကျန်ရီချမ်း ၏ ယာဘက်လက်ခုံ ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် ကွတ်ခိုင်ဆေးရုံမှ တစ်ဆင့် မူဆယ်ဆေးရုံသို့ ပို့ဆောင် ကုသလျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger