www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 28, 2016

KIA/TNLA အဖွဲ့၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူများ ဒဏ်ရာရ ၊ KIA အဖွဲ့မှ ယာဉ်များအား ဆက်ကြေးကောက်ခံ


 
KIA/TNLA လက်နက်ကိုင် အဖွဲ့၏ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသည့် မိန်းကလေး နှစ်ဦးကို တွေ့ရစဉ်


နေပြည်တော် ၊ ၂၈-၁၁-၂၀၁၆

KIA/TNLA လက်နက်ကိုင် အဖွဲ့၏ ပစ်ခတ်မှု ကြောင့် မန်တုံမြို့နယ် ပန်ဝါကျေးရွာမှ ပြည်သူ ခြောက်ဦး၊ မူဆယ်မြို့နယ် မုန်းပေါ် ကျေးရွာမှ ပြည်သူ တစ်ဦးတို့မှာ ဒဏ်ရာများရရှိ ခဲ့ကြောင်းနှင့် KIA လက်နက်ကိုင် အဖွဲ့သည် မိုးကောင်း-ဖားကန့် ပြေးဆွဲနေသည့် ယာဉ်ကြီးများ၊ မူဆယ်မြို့ရှိ လုပ်ငန်းရှင်များ ထံမှ ဆက်ကြေး ကောက်ခံခြင်းများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးေ က်ာမတီက သတင်းထုတ်ပြန် ထားသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) မန်တုံမြို့နယ် ပန်ဝါကျေးရွာ အနီးတွင် နယ်မြေရှင်းလင်း နေသော တပ်မတော် စစ်ကြောင်းကို နိုဝင်ဘာ၂၅ ရက် ညနေ ၄ နာရီခန့်တွင် KIA/TNLA လက်နက်ကိုင် အဖွဲ့က ပစ်ခတ် တိုက်ခိုက်ရာ ၄င်းတို့ ပစ်ခတ်သော လက်နက်ကြီး ဗုံးသီးများ ပန်ဝါကျေးရွာ အတွင်း ကျရောက်ပေါက်ကွဲ ခဲ့ပြီး ဦးနောင်ဂျာ အပါအဝင် အမျိုးသား လေးဦးနှင့် အမျိုးသမီး နှစ်ဦးတို့မှာ မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့သဖြင့် နမ္မတူ ပြည်သူ့ဆေးရုံတွင် တက်ရောက် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။

အလားတူ မူဆယ်မြို့နယ် မုန်းပေါ်ကျေးရွာမှ မနန်းဖုန်း သည် နိုဝင်ဘာ ၂၆ ရက် နံနက် ၆ နာရီခန့်က မုန်းပေါ်ကျေးရွာ အနီးရှိ ပြောင်းခြံတွင် ပြောင်းဖူးချိုး နေစဉ် KIA/TNLA လက်နက်ကိုင် အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဝမ်းဗိုက်တွင် သေနတ်ထိမှန် ဒဏ်ရာရရှိ ခဲ့သဖြင့် မူဆယ်ဆေးရုံ တွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ထို့ပြင် KIA လက်နက်ကိုင် အဖွဲ့ရင်း(၆)မှ အင်အား ၉ဝ ခန့်သည် နိုဝင်ဘာ ၂၆ ရက် နံနက် ၇ နာရီခန့်က မိုးကောင်းမြို့နယ် နန့်ဟိုင်းကျေးရွာ နှင့် စေတုံကျေးရွာ ကြားရှိ နန့်ဟိုင်းသုသာန် အနီးတွင် မိုးကောင်း-ဖားကန့် ပြေးဆွဲနေသည့် ယာဉ်ကြီး တစ်စီးလျှင် ငွေကျပ် ၁၇ဝဝဝဝ၊ ယာဉ်ငယ်တစ်စီး လျှင် ငွေကျပ် ၁ဝဝဝဝဝ နှုန်းဖြင့် ဆက်ကြေး ကောက်ခံ ခဲ့ကြောင်း၊ နိုဝင်ဘာ ၂၅ ရက်ကလည်း KIA လက်နက်ကိုင် အဖွဲ့သည် မူဆယ်မြို့ရှိ လုပ်ငန်းရှင် များထံ ဖုန်း၊စာတို့ဖြင့် ဆက်သွယ်၍ သြဂုတ်လ အတွက် ဆက်ကြေးငွေ တောင်းခံခဲ့ကြောင်း သိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger