www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 8, 2016

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos နှင့် တွေ့ဆုံ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ
 ကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos တို့ ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ
 ကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos တို့တွေ့ဆုံ ဆွေးနွေးစဉ်

နေပြည်တော် ၊ ၈-၁၁-၂၀၁၆

ကာကွယ်ရေး ဦးစီးချုပ်များ အဆင့် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီ အစည်းအဝေး (European Union Military Committee- EUMC Meeting) သို့ တက်ရောက်ရန် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့သို့ ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ General Mikhail Kostarakos အား နိုဝင်ဘာ ၇ ရက် ဒေသ စံတော်ချိန် နံနက် ၉ နာရီခွဲ၌ ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌရုံးတွင် သွားရောက် တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာ့တပ်မတော် နှင့် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီ၊ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ များ၏ တပ်မတော် များအကြား ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန် လည်ပတ်ရေး နှင့် ဆက်ဆံမှု မြှင့်တင်ရေး၊ လေ့ကျင့်ရေး သင်တန်းများ စေလွှတ်ရေး နှင့် အနာဂတ် ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ် များအား ရင်းနှီးပွင့်လင်း စွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် တပ်မတော် အရာရှိကြီးများ၊ ဘယ်လ်ဂျီယံနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးပေါ်လွင်စိန်၊ ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr.Roland Kobia နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ တို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး တက်ရောက် လာကြသူများ နှင့်အတူ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger