www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 21, 2016

မောင်တောမြို့နယ် ငန်းချောင်းကျေးရွာ၌ မသင်္ကာသူ ၃၃ ဦး ဖမ်းဆီးရမိ



နေပြည်တော် ၊ ၂၁-၁၁-၂၀၁၆

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်ခဲ့မှု ဖြစ်စဉ်များကြောင့် တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး နယ်မြေ ရှင်းလင်းလျက် ရှိရာ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ မောင်တောမြို့နယ် ငန်းချောင်းကျေးရွာ တွင် မသင်္ကာသူ ၃၃ ဦးကို ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ မှ ထုတ်ပြန်ထားသည်။

အဆိုပါ ဖမ်းဆီးရမိသူ များမှာ နိုဝင်ဘာ ၁၂ ရက်က မယင်းချောင်း ကျေးရွာတွင် ထိတွေ့မှု ဖြစ်ပွားစဉ် ပါဝင်ခဲ့ကြပြီး တိမ်းရှောင် သွားသည့် မသင်္ကာသူများ ဖြစ်ကြောင်း၊ ၄င်းတို့မှာ ဖားဝပ်ချောင်း ကျေးရွာနေ အော်လီ
ဟူးဆောင် (ဘ) အာမိရ် အပါအဝင် ခုနစ်ဦး၊ မျောတောင် ကျေးရွာမှ ကိုးဦးနှင့် ပွင့်ဖြူချောင်း ကျေးရွာမှ ၁၇ ဦး စုစုပေါင်း ၃၃ ဦး ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger