www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 7, 2016

မောင်တောမြို့နယ်အတွင်းမှ မသင်္ကာဖွယ်ဘင်္ဂါလီ လူမျိုးလေးဦး ထပ်မံဖမ်းဆီးရမိ


နူရ်အာလောင် (ဘ) မော်ဘီဟူဆောင်း နှင့် သိမ်းဆည်းရမိပစ္စည်းများကို တွေ့ရစဉ်

အဘူဆော်ယောက် (ဘ) မာမတ်ကာတိမ် နှင့် လေ့ကျင့်ရာတွင် အသုံးပြုသည့် 
သစ်သားသေနတ်တစ်လက် ကို တွေ့ရစဉ်



နေပြည်တော် ၊ ၇-၁၁-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရေတွင်းကျွန်းကျေးရွာ ဝန်းကျင်၌ နယ်ခြားစောင့် ရဲတပ်ဖွဲ့က နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် နိုဝင်ဘာ ၂ ရက် ညနေ ၄ နာရီ မိနစ် ၂ဝ ခန့်တွင် မောင်တောမြို့နေ မသင်္ကာဖွယ်ရာ ဘင်္ဂါလီလူမျိုး နူအာလောင် (ဘ) အဒူဟာကိန်း အား ဖမ်းဆီးရမိခဲ့ပြီး နိုဝင်ဘာ ၅ ရက်တွင် လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် နူရူလာ ရဲကင်းစခန်းအား ဝင်ရောက်ပစ်ခတ် ခဲ့သူများ ဖမ်းဆီးဖော်ထုတ် နိုင်ရေးအတွက် ဒုညောင်ပင်ကြီး ကျေးရွာအုပ်စု ခေတ္တ အုပ်ချုပ်ရေးမှူး မူဟာမတ်ဘူဖိုက် (ဘ) ရော်ရှီးအာမတ် အား တွေ့ဆုံမေးမြန်းစဉ် ၄င်း၏ဖြေကြား ချက်များမှာ အကျိုးအကြောင်း ဆီလျော်မှု မရှိသဖြင့် အဖြစ်မှန် ပေါ်ပေါက်ရေး အတွက် ဖမ်းဆီးထိန်းသိမ်း ခဲ့သည်။

ထို့ပြင် တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ယမန်နေ့ညနေ ၃ နာရီခွဲခန့်တွင် သဝန်ချောင်း ကျေးရွာအတွင်း ဝင်ရောက် စစ်ဆေးစဉ် ၄င်းရွာနေ အဘူဆော်ယောက် (ဘ) မာမတ်ကာတိမ် အား ၄င်း၏ နေအိမ်ခြံဝင်း အတွင်း စပါးကျီအောက်မှ လေ့ကျင့်ရာတွင် အသုံးပြုသည့် သစ်သားဖြင့် ပြုလုပ်ထားသည့် အလျား ၃ ပေ ၃ လက်မရှိ သေနတ်ပုံစံ တစ်လက်နှင့် နိုင်လွန်လွယ်ကြိုး တစ်ချောင်း တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ညနေ ၅ နာရီ ခွဲတွင်လည်း ကိုးတန်ကောက် ကျေးရွာအနီး တစ်ဝိုက် နယ်မြေ ရှင်းလင်းစဉ် နူရ်အာလောင် (ဘ) မော်ဘီဟူဆောင်း၏ နေအိမ် အနောက်ဘက် ပေ ၂ဝ ခန့်အကွာတွင် မြေများပုံစံ ပျက်ယွင်း နေသဖြင့် ရှာဖွေရာ မြေကြီးအတွင်း မြှုပ်နှံထားသည့် ဓား ခုနစ်ချောင်း၊ မှိန်းတစ်ချောင်း တို့အား ဖော်ထုတ်တွေ့ရှိ ရသဖြင့် နူရ်အာလောင် အား ဖမ်းဆီးထိန်းသိမ်း ခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူ ဘင်္ဂါလီလေးဦး အား တရားဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်နိုင်ရေး အတွက် မောင်တောမြို့မ ရဲစခန်း နှင့် အင်းဒင် ရဲစခန်းများသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့ကြောင်း သိရှိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger