www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 7, 2016

ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် အိန္ဒိယရေတပ်မှ စစ်ရေယာဉ်သုံးစင်း ပြန်လည်ထွက်ခွာ


အိန္ဒိယရေတပ်မှ စစ်ရေယာဉ်မှူး Capt.DJ REWAR နှင့် အရာရှိ၊ စစ်သည်များ လိုက်ပါလာသည့် 
စစ်ရေယာဉ်များ ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားမှ ပြန်လည် ထွက်ခွာစဉ်

နေပြည်တော် ၊ ၇-၁၁-၂၀၁၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် အိန္ဒိယရေတပ်မှ စစ်ရေယာဉ်မှူး Capt.DJ REWAR နှင့် အရာရှိ၊ စစ်သည်များ လိုက်ပါလာသည့် အမှတ်(၁) လေ့ကျင့်ရေး ရေယာဉ်အုပ်မှ စစ် ရေယာဉ် INS TIR ၊ INS SUJATA နှင့် ICGS VARUNA တို့သုံးစင်းသည် ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားမှ ပြန်လည် ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ စစ်သံမှူးနှင့် တာဝန်ရှိသူများ က ပို့ဆောင်နှုတ်ဆက် ကြသည်။

အဆိုပါ စစ်ရေယာဉ်များဖြင့် လိုက်ပါလာသည့် အရာရှိ၊ စစ်သည် များသည် နိုဝင်ဘာ ၂ ရက်မှ ယမန်နေ့ထိ ခရီးစဉ် ကာလအတွင်း လေ့လာရေး ခရီးများ လည်ပတ်ခြင်း၊ ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခြင်း၊ သန်လျင်ခရိုင် ပြည်သူ့ဆေးရုံ ကြီး၌ ဆေးဝါး ကုသပေးခြင်း၊ သန်လျင်တပ်နယ် အခြေခံပညာ အထက်တန်း ကျောင်းခွဲ (ဆိပ်ကြီး)သို့ စာရေး ကိရိယာများ ပေးအပ် လှူဒါန်းခြင်း၊ လူမှုဝန်ထမ်း ကိစ္စများ ဆောင်ရွက် ပေးခြင်းနှင့် ရန်ကုန်မြို့ရှိ အမျိုးသား သွေးလှူဘဏ်တွင် သွေးလှူဒါန်းခြင်း တို့ကို ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger