www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 24, 2016

ဒေသခံပြည်သူတစ်ဦး သေနတ်ဒဏ်ရာရရှိ၍ ဆေးကုသမှုခံယူ


နေပြည်တော် ၊ ၂၄-၁၁-၂၀၁၆

KIA, TNLA နှင့် MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူတစ်ဦး သေနတ်ဒဏ်ရာ ရရှိပြီး လားရှိုး ပြည်သူ့ဆေးရုံသို့ ယမန်နေ့ နံနက်ပိုင်းတွင် ရောက်ရှိ လာကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်း ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီတွင် ကွတ်ခိုင်မြို့နယ် မန်ဆာကျေးရွာ နေ တောင်ယာ လုပ်ကိုင်သည့် ဦးရန်ဖာဝမ် ၄၃ နှစ်သည် လက်ဖက်ခြံမှ ဆိုင်ကယ်ဖြင့် မုံးစီး-မုံးဟောင် လမ်းအတိုင်း ပြန်လာခဲ့ရာ မန်ဆာကျေးရွာအနီး KIA, TNLA နှင့် MNDAA လက်နက်ကိုင် အဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ဝဲခြေသလုံးတွင် သေနတ်ကျည်ထိမှန် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger