www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 9, 2016

မောင်တောမြို့နယ် အတွင်း ဘင်္ဂါလီများအား အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများက အကြောင်းမဲ့ဖမ်းဆီး


အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ ဖမ်းဆီးခေါ်ဆောင် သွားရာမှ ဒဏ်ရာဖြင့် လွတ်မြောက်ခဲ့သည့် 
မာမွတ်ဖာရို ကို တွေ့ရစဉ်

နေပြည်တော် ၊ ၉-၁၁-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဇင်ပိုင်ညာ ကျေးရွာအုပ်စု၊ ဖူခါလီ ကျေးရွာနေ နူမာမောက် (ဘ) အာစီရာမန် ၏ နေအိမ်သို့ နိုဝင်ဘာ ၇ ရက် ည ၁ဝ နာရီခွဲခန့်တွင် ဇင်ပိုင်ညာ ကျေးရွာနေ ဂေါ်ဇီရာမောက်၊ ဂျူဘိုင် ၊ နူရူစလန်နှင့် ရာဖစ် တို့ ဦးဆောင်သော အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ ၁၅ ဦးခန့် ရောက်ရှိလာပြီး နေအိမ်တံခါး အား တုတ်၊ ဓားတို့ဖြင့် ရိုက်ချိုး ဖျက်ဆီး၍ နေအိမ်အား မီးရှို့ကာ ဖိုက်ဇယ် (ဘ) နူမာမောက် နှင့် မာမွတ်ဖာရို (ဘ) နူမာမောက် တို့ ညီအစ်ကို နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင် သွားပြီး သက္ကယ်ပြင် ကျေးရွာ၊ ကျီးကန်းပြင် ကျေးရွာနှင့် ရေမျက်တောင် ကျေးရွာများ ဘက်သို့ ထွက်ပြေးသွား ခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွား ပြီးနောက် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ များကို အချိန်မီဖမ်းဆီး ရမိနိုင်ရေးနှင့် ဆက်စပ် သတင်းများ ဖော်ထုတ် နိုင်ရေး နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက အဆိုပါနေအိမ် နှင့် အနီး ပတ်ဝန်းကျင်အား ရှင်းလင်းခဲ့ရာ ည ၁၂ နာရီခွဲတွင် နေအိမ်၏ အနောက်ဘက် လယ်ကွင်းအစပ် ၌ မာမွတ်ဖာရို (ဘ) နူမာမောက် အား ဓားပြတ်ရှဒဏ်ရာ ၁၁ ချက်နှင့် ထိုးသွင်းဒဏ်ရာ နှစ်ချက် ဒဏ်ရာ များဖြင့် တွေ့ရှိသဖြင့် မောင်တော ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့သည်။

အဆိုပါ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ ဖမ်းဆီးရမိ နိုင်ရေး တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဖြစ်စဉ်ဖြစ်ပွား ခဲ့သည့်ကျေးရွာ နှင့် အနီး ပတ်ဝန်းကျင် ကျေးရွာများ အား နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger