www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, November 27, 2016

မြန်မာသံရုံးအား ဗုံးခွဲမည့်စစ်သွေးကြွ ကို အင်ဒိုနီးရှား ဖမ်းမိ


Indonesian police show items seized, as terrorist Rio Priatna Wibawa was arrested at his home in West Java on 25 November 2016. (Reuters Photo)

ဂျကာတာ ၊ ၂၇-၁၁-၂၀၁၆

ဒီဇင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးနှင့် အစိုးရ အဆောက်အအုံ များအား ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်သည့် အစ္စလာမ်မစ် စစ်သွေးကြွ ဟု ယူဆရသူကို ဗုံးပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်း အများအပြား နှင့်အတူ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း ထားသည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ အကြမ်းဖက်သမား သည် အသက် ၂၃ နှစ်ရှိ ရီယိုပရီယတ် နာဝီဘာဝ ဆိုသူဖြစ်ပြီး ISIS စစ်သွေးကြွ များကို ထောက်ပံ့ပေး နေသည့် အင်ဒိုနီးရှား အဖွဲ့အစည်း တစ်ခုမှ အဖွဲ့ဝင်တစ်ဦး ဖြစ်နိုင်ဖွယ် ရှိကြောင်း သိရသည်။

ထို့ပြင် ၄င်းနှင့်အတူ သိမ်းဆည်းရမိ သည့် ဖောက်ခွဲရေးပစ္စည်း ပမာဏ စုစုပေါင်း သည် ၂ဝဝ၂ ခုနှစ်တွင် ဘာလီကျွန်းရှိ နိုက်ကလပ်၌ ဖြစ်ပွားသည့် လူ ၂ဝ၂ ဦးသေဆုံး စေသော ပေါက်ကွဲမှုထက် နှစ်ဆပိုမို ပြင်းထန်မည် ဖြစ်ကြောင်း ဒေသတွင်း သတင်းဌာန များ၏ ဖော်ပြချက်အရ သိရသည်။

ဝီဘာဝ သည် တက္ကသိုလ်တွင် စိုက်ပျိုးရေး သိပ္ပံ ဘာသာရပ်ကို သင်ယူထားပြီး လက်ရှိတွင် အလုပ်လက်မဲ့ တစ်ဦး ဖြစ်ကြောင်းနှင့် အင်ဒိုနီးရှား နိုင်ငံတစ်ဝန်းရှိ နေရာ အများအပြားသို့ ဖောက်ခွဲရေး ပစ္စည်းများ ပေးပို့ရန် စီစဉ်ထားသည့် ဗုံးပြုလုပ်သူ တစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဘွိုင်းရာ့ဖ်လီအာမာ က နိုဝင်ဘာ ၂၆ ရက်တွင် ပြောသည်။

အင်ဒိုနီးရှားနိုင်ငံ သည် ယခုနှစ်အတွင်း ISIS စစ်သွေးကြွ များနှင့် ဆက်နွှယ်သည့် အကြမ်းဖက် တိုက်ခိုက်မှု များကို ရင်ဆိုင်နေရပြီး ဇန်နဝါရီလတွင် ဂျကာတာ မြို့တော်၌ အကြမ်းဖက် သမားများ၏ သေနတ်နှင့် ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် လူလေးဦး သေဆုံးခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger