www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 9, 2016

ခွင့်မပြုဆိုးဆေးပါသည့် ဆိုင်များကို အရေးယူပြီး ဆိုင်ရှေ့တွင် ဆိုးဆေးကင်းစင်ခြင်းမရှိသည့်ဆိုင် ဟု ဆိုင်းဘုတ်များ ကပ်ပေးသွားမည်



မန္တလေး ၊ ၉-၁၁-၂၀၁၆

မန္တလေးတိုင်း ဒေသကြီးအတွင်း ဈေးဆိုင်များရှိ အစားအသောက် များတွင် ခွင့်မပြုဆိုးဆေး အသုံးပြု ထားခြင်း တွေ့ရှိပါက အဆိုပါ ဆိုင်များကို အရေးယူပြီး ဆိုင်ရှေ့တွင် ဆိုးဆေး မကင်းစင်သည့် ဆိုင်ဟု ဆိုင်းဘုတ်များ ကပ်ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန FDA ရုံးခွဲမှ သိရသည်။

မန္တလေးတိုင်း ဒေသကြီး FDA သည် တိုင်းဒေသကြီး အတွင်း ဈေးများရှိ ဆိုင်များမှ အစားအသောက် များကို နမူနာယူ၍ ခွင့်မပြု ဆိုးဆေး အသုံးပြု ထားခြင်း ရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိရာ  ယခင်က တွေ့ရှိသော ဆိုင်များမှ ပစ္စည်းများကို သိမ်းဆည်း ဖျက်ဆီးခြင်း၊ စည်ပင် သာယာရေး ကော်မတီကို အကြောင်းကြား ခြင်းနှင့် တံဆိပ်များကို သတင်းစာ များတွင် ကြော်ငြာခြင်းသာ ပြုလုပ်ခဲ့ပြီး ယခုလမှစ၍ အရေးယူခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

''အစားအသောက် တွေမှာ ခွင့်မပြုဆိုးဆေး အသုံးပြုတဲ့ ဆိုင်တွေ အရေးယူတဲ့ ကိစ္စကို နောက်တစ်ပတ် နှစ်ပတ်လောက် မှာ စတင် လုပ်ဆောင်မှာပါ။ အရင်ကတော့ ပစ္စည်းသိမ်း၊ ဖျက်ဆီး ဒီလောက်ပဲ ရှိတယ်။ အခုတော့ ဥပဒေအရ အရေးယူတော့ မှာပါ'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (မန္တလေး) ရုံးခွဲအနေဖြင့် မန္တလေး မြို့ပေါ်ရှိ ဈေးပေါင်း ၂၄ ဈေးရှိ အစားအသောက် များကို ခွင့်မပြုဆိုးဆေး ပါဝင်မှု ရှိ၊ မရှိ ပစ္စည်း ၁၃၆၈ မျိုးကို ဈေးကွက်နမူနာ ကောက်ယူ၍ စစ်ဆေးရာ ၃၈၇ မျိုးတွင် ခွင့်မပြုဆိုးဆေး အသုံးပြုထား သည်ကို တွေ့ရှိရကြောင်း GDP မှ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger