www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 21, 2016

အကြမ်းဖက် တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ကြောင်း သံသယရှိသူများ ထပ်မံဖမ်းဆီးရမိ



နေပြည်တော် ၊ ၂၁-၁၁-၂၀၁၆

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင် ပတ်သက်ကြောင်း သံသယရှိသူ ၆ဝ ဦးအား ကြက်ရိုးပြင် ကျေးရွာအတွင်းမှ ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်း ထုတ်ပြန် ထားသည်။

အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ ကွပ်ကဲမှု အောက်ရှိ ငါးခူရ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် နယ်မြေ ရှင်းလင်းစဉ် ယမန်နေ့ ညနေ ၄ နာရီခန့်က မောင်တောမြို့နယ် ကြက်ရိုးပြင် ကျေးရွာအတွင်း မှ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင် ပတ်သက်ကြောင်း သံသယရှိသူ ၆ဝ ဦးအား ထပ်မံဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း အကြမ်းဖက် စီးနင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်များကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ကနယ်မြေ ရှင်းလင်းစဉ် အောက်တိုဘာ ၁၁ ရက်တွင် ကြက်ရိုးပြင် ကျေးရွာ၊ လောင်းတုံ ကျေးရွာနှင့် ပြောင်ပိုက် ကျေးရွာတို့ အနီးပတ် ဝန်းကျင်၌ အကြမ်းဖက် တိုက်ခိုက်ခံရမှု ကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်ငါးဦး ကျဆုံးခဲ့ကြောင်း သတင်းထုတ်ပြန် ထားပြီးဖြစ်ရာ အဆိုပါ ဖြစ်စဉ်များနှင့် ပါဝင် ပတ်သက်သူ များအား ဖော်ထုတ်ဖမ်းဆီး ရမိခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger