www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 9, 2016

မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများအား ထောက်ပံ့ပေးနေသူ နှစ်ဦး ဖမ်းဆီးရမိ



နေပြည်တော် ၊ ၉-၁၁-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကိုးတန်ကောက် ဒုက္ခသည် စခန်းအတွင်း နေထိုင် သူများအနက် အချို့သော သူများက အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ များအား ရိက္ခာနှင့် ငွေကြေးများ ထောက်ပံ့ပေးလျက် ရှိကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့ဖြင့် ဝင်ရောက် စစ်ဆေးရှာဖွေရာ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ဒုက္ခသည် စခန်းနေ ဖေမာမောက် (ဘ) အာဇီရာမောက် နှင့် ရှော်ရှီတာမောက် (ဘ) ကာဆီ တို့နှစ်ဦးအား ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူ များအား တရားဥပဒေ အရ အရေးယူ ဆောင်ရွက်နိုင်ရေး အင်းဒင် နယ်မြေရဲစခန်း သို့ စနစ်တကျ လွှဲပြောင်း ပေးအပ်ပြီး ဖြစ်ကြောင်း သိရှိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger