www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 23, 2016

ငွေကြေးစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်းကို ရန်ကုန်မြို့၌ ပထမဆုံးအကြိမ် ဖွင့်လှစ်မည်


ရန်ကုန် ၊ ၂၃-၉-၂၀၁၆

ပထမဆုံးအကြိမ် အဖြစ် ငွေကြေးစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ သင်တန်းကို ရန်ကုန်မြို့၌ အောက်တိုဘာ ၉ ရက်တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း MIND Investment Institute မှ သိရသည်။

အဆိုပါ Post Graduate Diploma in Financial Management Program သည် CFO, Finance Director/Manager level အထိတက်လှမ်း လိုသူများအတွက် အဓိက မေဂျာလေးခုကို စာတွေ့၊ လက်တွေ့သင်ကြား ရမည်ဖြစ်ပြီး သင်တန်းကာလ အနေဖြင့် ငါးလ ကြာမြင့်မည် ဖြစ်သည်။

ထို့ပြင် Diploma လေးခုနှင့် ညီမျှသော အပြည်ပြည်ဆိုင်ရာ အဆင့်မီ သင်ရိုးညွှန်းတမ်း များမှာ နိုင်ငံခြားတက္ကသိုလ် များမှ Finance ဆိုင်ရာ အတွေ့အကြုံရှိ ပါမောက္ခ များကိုယ်တိုင် ရေးဆွဲထားသော Program တစ်ခုဖြစ်ခြင်း ကြောင့် ကုမ္ပဏီများ၏ Finance department တွင် တာဝန်ထမ်းဆောင် နေသော ဝန်ထမ်းများ၊ Accountants များ၊ ဘဏ်ဝန်ထမ်းများ၊ ဘဏ္ဍာရေးနှင့် ငွေကြေး လောကသို့ စတင်ဝင်ရောက် လိုသူများအနေ ဖြင့် မိမိ၏ အသိပညာ ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း တိုးတက်ရေး အတွက် လေ့လာသင့်သော Program တစ်ခုဖြစ် သည်။

ယင်းသင်တန်းတွင် အပြည်ပြည် ဆိုင်ရာ တက္ကသိုလ်များမှ အရည်အချင်း ပြည့်ဝသော ပါမောက္ခများ ကိုယ်တိုင် သင်ကြားပေးရန် စီစဉ်ထားကြောင်း သိရသည်။

PDFM Program ကို Principles of Financial Management ၊ Managerial Accounting ၊ Planning and Budgeting ၊ Business and Economics ဟူ၍ အပိုင်းလေးခု ခွဲထားပြီး အပိုင်းတစ်ခုစီ သည် အရေးကြီးသော ငွေကြေးနှင့် ဘဏ္ဍာရေး စီမံခန့်ခွဲမှု အသိပညာ တစ်ခုစီကို အထူးပြုသင်ကြား သွားမည်ဖြစ်သည်။ ယင်းသင်တန်းကို မည်သည့်ဘွဲ့ရသူ မဆို တက်ရောက်နိုင် သည့်အပြင် လုပ်ငန်း အတွေ့အကြုံ ရှိသူများ လည်း တက်ရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

အသေးစိတ် သိရှိလိုပါက MIND ရုံး ဖုန်း- ဝ၉-၉၆ဝ၉၅ ဝဝဝ၈ နှင့် ဝ၉- ၂၆၂၃၇ ၇၄၅၄ တို့သို့ ဆက်သွယ်စုံစမ်း နိုင်ကြောင်း သိရသည်။ (နေနေ)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger