www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 15, 2016

မြန်မာ-တရုတ် ဗဟိုစီးပွားရေးဇုန် ၂၀၁၈ ခုနှစ်တွင် ဖွင့်လှစ်မည်



မူဆယ် ၊ ၁၅-၉-၂၀၁၆

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ၂၅ ရာခိုင်နှုန်းခန့် ကုန်သွယ်မှု ပြုလုပ်လျက် ရှိသည့် မူဆယ်မြို့၌ တည်ဆောက်လျက် ရှိသော ဗဟို စီးပွားရေးဇုန် စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများမှာ ၈ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်သဖြင့် ၂ဝ၁၈ ခုနှစ်တွင် အပြီးသတ် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ယင်းစီမံကိန်း ကို အကောင် အထည်ဖော် ဆောင်ရွက်နေသည့် နယူးစတားလိုက် ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

''စီမံကိန်း အားလုံးက ၂ဝ၁၈ ခုနှစ်လောက်မှာ ပြီးစီးဖို့ ခန့်မှန်းထား ပါတယ်။ လောလောဆယ် လူနေဆိုင်ခန်းတွေကို ဧရာဝတီဘဏ်နဲ့ ချိတ်ဆက်ပြီး ခြောက်နှစ် အရစ်ကျငွေချေ စနစ်နဲ့ ရောင်းချပေး တာတွေ ပြုလုပ်နေ ပါတယ်။ လက်ရှိမှာတော့ ၆ဝ ရာခိုင်နှုန်း ရောင်းချထား ပါတယ်'' ဟု ၄င်းက ပြောသည်။

စီးပွားရေး အချက်အချာ ကျသော မူဆယ် ဗဟိုစီးပွားရေးဇုန် စီမံကိန်းသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နှင့် မြန်မာ-တရုတ် နယ်စပ်အနီး ရွှေလီမြစ်ဝှမ်း၌ တည်ရှိပြီး ယင်း စီမံကိန်းကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဒေသန္တရ ဖွံ့ဖြိုးရေး စီမံကိန်း ကော်မတီနှင့် နယူးစတားလိုက် ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် တို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်း တစ်ခုလုံးကို ဇုန်ခြောက်ဇုန်ဖြင့် အကောင် အထည်ဖော် နေခြင်းဖြစ်ပြီး ဇုန် ၁၊ ၂၊ ၃ ကို Commercial Zone အဖြစ် သတ်မှတ်ထားကာ ဇုန် ၄၊ ၅၊ ၆ ကို Residential Zone အဖြစ် သတ်မှတ် ထားကြောင်း၊ စီမံကိန်းကြီးအား စုစုပေါင်းမြေ ၂၉၄ ဒသမ ၇၈၉ ဧက၌ တည်ဆောက် နေခြင်း ဖြစ်ကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger