www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, August 20, 2016

မြန်မာ့တပ်မတော် အစီအစဉ်ဖြင့် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်း များမှ မြန်မာနိုင်ငံသားများအား အခမဲ့ပြန်လည် ခေါ်ဆောင်ပေးလျက်ရှိရာ ယမန်နေ့တွင် ဒုတိယအသုတ် ရောက်ရှိ


ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တာဝန်ရှိသူများက ပြန်လည်ရောက်ရှိ လာသည့် မြန်မာနိုင်ငံသားများအား ကြိုဆိုကြစဉ်

နေပြည်တော် ၊ ၂၀-၈-၂၀၁၆

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်း ၁၁ ခုတွင် အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိထိန်းသိမ်းခံ နေကြရသည့် မြန်မာနိုင်ငံသားများ အနက် နေရပ်ပြန်ရန် အခက်အခဲရှိ နေသူများမှ ၄ဝဝ ကျော်အနက် ၁၃၈ ဦးအား ပထမအသုတ် အဖြစ် သြဂုတ် ၁၇ ရက်တွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ စိတ်စေတနာ အရ မြန်မာ့ တပ်မတော်၏ အစီအစဉ်ဖြင့် MAI စင်းလုံးငှား လေယာဉ်နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ အမိမြန်မာနိုင်ငံ ရန်ကုန်မြို့ သို့ အခမဲ့ပြန်လည် ခေါ်ဆောင်ပေး ခဲ့သည်။

ထို့အတူ ယမန်နေ့ ညနေပိုင်းတွင် ၁၃၇ ဦးကို ဒုတိယအသုတ် အဖြစ်ပြန်လည် ခေါ်ဆောင်ခဲ့ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ည ၉ နာရီတွင် ပြန်လည် ရောက်ရှိရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တပ်မတော် အရာရှိကြီးများ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်း မှ တာဝန်ရှိသူများ၊ IOM ရုံးမှ တာဝန်ရှိသူများ၊ ပြန်လည်ရောက်ရှိ လာကြသူများ၏ မိသားစုဝင် များက နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။

အဆိုပါ ၁၃၇ ဦးမှာ ရန်ကုန်တိုင်း ဒေသကြီးမှ ၁၄ ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ လေးဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ ရှစ်ဦး၊ ပဲခူးတိုင်း ဒေသကြီးမှ သုံးဦး၊ မကွေးတိုင်း ဒေသကြီးမှ ငါးဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ တစ်ဦး၊ တနင်္သာရီတိုင်း ဒေသကြီးမှ ၁၁ ဦး၊ ကချင်ပြည်နယ်မှ နှစ်ဦး၊ ကရင်ပြည်နယ်မှ ခုနစ်ဦး၊ မွန်ပြည်နယ်မှ ၁၇ ဦး၊ ရခိုင်ပြည်နယ်မှ ၄ဝ ဦး၊ ရှမ်းပြည်နယ် မှ ငါးဦးနှင့် ချင်းပြည်နယ်မှ ၂ဝ ဦးတို့ ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger