www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 8, 2016

တတိယနှစ် ဥပဒေအထူးပြု ဘာသာရပ်တွင် လူ့အခွင့်အရေး အကြောင်းအရာများ စတင်သင်ကြားပေးမည်


ရန်ကုန် ၊ ၈-၈-၂၀၁၆

ဒီဇင်ဘာလတွင် ဖွင့်လှစ်မည့် ဥပဒေအထူးပြု တတိယနှစ် ကျောင်းသား၊ ကျောင်းသူများကို တက္ကသိုလ်များ၏ ဥပဒေ ဘာသာရပ် များတွင် လူ့အခွင့်အရေး ဆိုင်ရာ အကြောင်းအရာများ ထည့်သွင်း၍ စတင် သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

''သင်ကြားပေး နိုင်ဖို့က အဝေးသင်ရော နေ့ကျောင်းသား တွေပါ သင်ကြားရမှာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ တက္ကသိုလ် တွေရဲ့ ဥပဒေဌာန ၁၈ ခုက ပညာရှင် တွေနဲ့ သင်ရိုးညွှန်းတမ်း ရေးဆွဲဖို့ အထိ အလုပ်ရုံ ဆွေးနွေးပွဲ တွေလည်း လုပ်ပြီးသွား ပါပြီ။ ဒီလိုသင်ကြား ပေးတဲ့ ရည်ရွယ်ချက် က ကျောင်းပြီးသွားတဲ့ ကလေးတွေဟာ ဥပဒေပြုစုတဲ့ သူတွေနဲ့ ဆုံးဖြတ်ချက် ပေးနိုင်တဲ့ အဖွဲ့အစည်း တွေမှာပါရှိရင် ဒီ လူ့အခွင့်အရေး အကြောင်းအရာ တွေကိုသိရှိပြီး အကျိုးပြု နိုင်အောင်ပါ ''ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ပါမောက္ခ (ငြိမ်း) ဒေါက်တာ သန်းနွဲ့ ကပြောသည်။

ထိုသို့သင်ကြား ပေးနိုင်ရန် နိုင်ငံတကာ တက္ကသိုလ်များနှင့် ပူးပေါင်း ရေးဆွဲလျက် ရှိပြီး SHAPE-SEA ဟုခေါ်သည့် အရှေ့တောင် အာရှ လူ့အခွင့်အရေး အဖွဲ့မှ နည်းပညာ အကူအညီ ပေးခြင်း၊ နော်ဝေ လူ့အခွင့်အရေး စင်တာမှ ရန်ပုံငွေ ပံ့ပိုးပေးခြင်း၊ ထိုင်းနိုင်ငံ မဟိဒေါ တက္ကသိုလ်မှ ပညာရှင်များဖြင့် ရေးဆွဲခြင်း၊ မလေးရှား နိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့မှ ပညာရှင်များဖြင့် သင်ရိုးများ ရေးဆွဲမှု မူကြမ်းအဆင့် ပြီးနေပြီဟု သိရသည်။

ထိုဘာသာရပ်တွင် လူ့အခွင့်အရေး နှင့် သက်ဆိုင်သည့် နိုင်ငံတကာ အဖွဲ့အစည်း များ၏ ထုတ်ပြန်ချက်များ၊ ကြေညာစာတမ်း များနှင့် သတင်း အချက်အလက် များပါဝင်မည် ဖြစ်ကြောင်း သိရသည်။

အခြေခံပညာ ကဏ္ဍတွင် ၂ဝဝ၄ ခုနှစ် မှစ၍ ပဉ္စမတန်းနှင့် ဆဋ္ဌမတန်းတို့၌ လူ့အခွင့်အရေး ဘာသာရပ် အနေဖြင့် သီးသန့် မဟုတ်သော်လည်း ပြည်သူ့နီတိ ဘာသာရပ် အနေဖြင့် သင်ကြားပေး နေပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် ကျန်ရှိနေသည့် အတန်းများ၌ ဆက်လက် သင်ကြားနိုင်ရေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger