www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 14, 2016

Great Barrier Reef သန္တာကျောက်တန်း ပျက်စီးယိုယွင်းမှုကို ပြန်လည်မွမ်းမံရန် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ပံ့ပိုးမည်




ကင်ဘာရာ ၊ ၁၄-၆-၂၀၁၆

သြစတြေးလျ ဝန်ကြီးချုပ် တန်းဘူလ် သည် သြစတြေးလျ နိုင်ငံရှိ Great Barrier Reef သန္တာ ကျောက်တန်းများ ပျက်စီးယိုယွင်း မှုကို ပြန်လည် ထိန်းသိမ်း မွမ်းမံရန် အတွက် အမေရိကန် ဒေါ်လာ တစ်ဘီလီယံ ပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း ယမန်နေ့တွင် ပြောကြား ခဲ့သည်။

အဆိုပါ ပံ့ပိုးကြေးငွေကို ယခင် တန်းဘူလ် တာဝန် ထမ်းဆောင် ခဲ့သော Clean Energy Finance Corporation အကောင့်တွင် ရှိသော အမေရိကန် ဒေါ်လာ ၁ဝ ဘီလီယံထဲမှ ထုတ်ယူ သုံးစွဲသွားမည် ဖြစ်သည်။

အဆိုပါ ပံ့ပိုးကြေးငွေဖြင့် Great Barrier Reef သန္တာ ကျောက်တန်းမှ ရေထု ညစ်ညမ်းမှု များကို သန့်စင်သွားမည့် စီမံကိန်း တွင် သုံးစွဲသွားမည် ဖြစ်သည်။ အဆိပ်အတောက် များ ပါဝင်မှု နှုန်းထား မြင့်မားသည့် Great Barrier Reef သန္တာကျောက်တန်း ရေထုကို သန့်စင်မှု ပြုလုပ်နိုင် ပါက သန္တာ ကျောက်တန်း ပျက်စီးမှု ကို ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်း ကျွမ်းကျင် ပညာရှင် များက အဆိုပြု ထားသောကြောင့် ရေထုသန့်စင် မှုကို အဓိကထား လုပ်ဆောင် သွားမည် ဖြစ်သည်။

Great Barrier Reef သန္တာ ကျောက်တန်း ရေထု သန့်စင်မှုကို ၂ဝ၁၃ ခုနှစ်ကလည်း လုပ်ဆောင် ခဲ့ပြီး ဖြစ်သကဲ့သို့ အဆိုပါ စီမံကိန်း အတွက် အမေရိကန် ဒေါ်လာ သန်း ၅ဝဝ ထိ သုံးစွဲခဲ့သည်။ ကနဦး စစ်ဆေးမှု အနေဖြင့် Great Barrier Reef သန္တာကျောက်တန်း ၏ ရေအောက်တွင် ဖြစ်ပေါ်နေသော အခြေအနေ များကို ARC Centre of Excellence က မှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး ဖြစ်သည်။ မှတ်တမ်းဓာတ်ပုံ များကို လေ့လာ သုံးသပ်ပြီး စီမံကိန်း စတင်ရမည့် အခြေအနေ များကို စီမံချက် ရေးဆွဲသွားမည် ဖြစ်သည်။ 

သြစတြေးလျ ဝန်ကြီးချုပ် အနေဖြင့် Great Barrier Reef သန္တာ ကျောက်တန်းသည် သြစတြေးလျ နိုင်ငံ၏ ထင်ရှားသော သဘာဝ အလှတရား စုဝေးရာနေရာ ဖြစ်ပြီး သြစတြေးလျ နိုင်ငံအတွက် နှစ်စဉ် နိုင်ငံခြားငွေ အမြောက်အမြား ရှာဖွေပေး နိုင်သော အပန်းဖြေ စရာနေရာ တစ်ခု ဖြစ်သောကြောင့် နိုင်ငံတော် အဆင့် ပြုပြင်မှုများ ပြုလုပ်ရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြား ခဲ့ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger