www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 10, 2016

ခေါင်လန်ဖူးဒေသသို့ တပ်မတော်ရဟတ်ယာဉ် များဖြင့် ရိက္ခာများဆက်လက် ပို့ဆောင်



နေပြည်တော် ၊ ၁၀-၆-၂၀၁၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူး ဒေသရှိ ဒေသခံ ပြည်သူများ၏ စားသောက်ရေး အဆင်ပြေ စေရန်အတွက် ပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းသော ဆန်အိတ် ၈ဝ၊ ကြက်သွန်နီ ပိဿာ ၇ဝ၊ ကြက်သွန်ဖြူ ငါးပိဿာ၊ 
ငါးခြောက် ၁ဝ ပိဿာ၊ ကြာဆံ ၁ဝ ပိဿာ၊ အာလူး ၂၁ ပိဿာနှင့် ဆားအထုပ် ၁၇ဝ တို့ကို ဇွန် ၇ ရက်တွင် ပူတာအိုမြို့မှ ခေါင်လန်ဖူးသို့ တပ်မတော် ရဟတ်ယာဉ် များဖြင့် ဆက်လက် ပို့ဆောင်ပေးသည်။

ထို့ပြင် တပ်မတော်မှ မော်တော်ယာဉ် များဖြင့် ပို့ဆောင် ထားသော မဂွေဇရွာရှိ ဆန်အိတ် ၂၅ဝ ကိုလည်း ခေါင်လန်ဖူး ဒေသသို့ အမြန်ဆုံး ရောက်ရှိစေရေး လား၊ ဆိုင်ကယ်များဖြင့် ဆက်လက် ပို့ဆောင်လျက် ရှိသည်။

စားနပ်ရိက္ခာ များကို တပ်မတော် ရဟတ်ယာဉ် များဖြင့် အဆက်မပြတ် ပေးပို့ခဲ့ခြင်း ကြောင့် ယခုအခါ ပြည်နယ်အစိုးရ အဖွဲ့မှ လှူဒါန်းသည့် ဆန်အိတ် ၂၄ဝ၊ ကြက်သွန်နီ ၁၇၅ ပိဿာ၊ ကြက်သွန်ဖြူ ငါးပိဿာ၊ အာလူး ၅၆ ပိဿာ၊ ခေါက်ဆွဲခြောက် ၁ဝ ဖာ၊ ကြာဆံ ပိဿာ ၄ဝ၊ ကြက်ဥအလုံး ၃ဝဝ၊ ငါးခြောက် ပိဿာ ၅ဝ နှင့် ဆားအထုပ် ၃၇ဝ တို့ကို ခေါင်လန်ဖူး ဒေသရှိ ဒေသခံ ပြည်သူများ လက်ဝယ်ထံသို့ အရောက်ပေးပို့ နိုင်ခဲ့ပြီး စားသောက်ရေး အဆင်ပြေ ချောမွေ့လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger