www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 3, 2016

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမေရိကန်ကွန်ဂရက် မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေး


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အမေရိကန်ကွန်ဂရက် မှ Armed Services Committee အဖွဲ့ဝင်ဖြစ်သူ Senator Mr. Daniel Sullivan တို့အဖွဲ့ဝင်များနှင့်အတူ စုပေါင်းဓာတ်ပုံ ရိုက်စဉ်

နေပြည်တော် ၊ ၃-၆-၂၀၁၆

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ယမန်နေ့ ညနေ ၄ နာရီခွဲတွင် အမေရိကန် ကွန်ဂရရက်မှ Armed Services Committee အဖွဲ့ဝင်ဖြစ်သူ Senator Mr. Daniel Sullivan ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံ တွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် ၁၉၈၈ ခုနှစ်မှ စတင်၍ ယနေ့တိုင် မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု များတွင် တပ်မတော်၏ ပါဝင် ဆောင်ရွက်မှု အခြေအနေများ၊ ပါတီစုံစနစ်၏ ပထမသက်တမ်း ကာလနှင့် ဒုတိယသက်တမ်း ကာလတို့တွင် နိုင်ငံတော် အစိုးရအား တပ်မတော်က ပူးပေါင်းကူညီ လုပ်ဆောင်မှု များနှင့် အမျိုးသား နိုင်ငံရေးတွင် တပ်မတော်မှ ဆက်လက်ပါဝင် ဆောင်ရွက်နေမှု အခြေအနေများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး ကြိုးပမ်း လုပ်ဆောင်နေမှု အခြေအနေများ၊ မြန်မာ့ တပ်မတော် အတွင်း အမျိုးသမီးစ စ်မှုထမ်းများ တိုးမြှင့်ခန့်အပ် တာဝန်ပေးအပ်မှု အခြေအနေ များနှင့် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား လုပ်ဆောင် နိုင်သည့် အတိုင်းအတာ အတွင်း ဆက်ဆံရေး နှင့်ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင် နိုင်ရေးတို့အား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး Mr.Daniel Sullivan နှင့်အတူ Foreign Relations Committee ဥက္ကဋ္ဌ Mr.Cory Gardner ၊ Armed Services Committee အဖွဲ့ဝင်ဖြစ်သူ Ms. Joni Ernst နှင့် တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E.Mr. Scot Marciel ၊ စစ်သံမှူး Colonel James McAden တို့ တက်ရောက်ကြကာ တွေ့ဆုံပွဲ အပြီးတွင် အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်၍ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger