www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 14, 2016

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အားလက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တူရကီနိုင်ငံ ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Mevlut Cavusoglu အား လက်ခံ တွေ့ဆုံစဉ်

နေပြည်တော် ၊ ၁၄-၆-၂၀၁၆

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဇေယျာ သီရိဗိမာန် ဧည့်ခန်းမဆောင် ၌ တူရကီနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီး H.E.Mr. Mevlut Cavusoglu အား လက်ခံ တွေ့ဆုံသည်။ 

ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး တိုးမြှင့်ရေး၊ စစ်ရေး မဟုတ်သည့် နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး၊ ရခိုင်ဒေသအတွင်း ကူညီ ထောက်ပံ့မှု အစီအစဉ်များ၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး လုပ်ဆောင်နေမှုများ၊ တပ်မတော် အနေဖြင့် နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု များနှင့် ရောက်ရှိနေသည့် ဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင် ခိုင်မာစွာ လျှောက်လှမ်းနိုင်ရေး အတွက် များစွာပေးဆပ် လုပ်ဆောင်ခဲ့ ရသည့် အခြေအနေများ ကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ပြီး တူရကီ နိုင်ငံခြားရေးဝန်ကြီး နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ တူရကီနိုင်ငံ သံအမတ်ကြီး H.E.Mr. Murat Yavuz Ates ၊ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး H.E.Mr. Umit Yalcm နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။ တွေ့ဆုံပွဲ အပြီးတွင် အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ပြီး စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger