www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 11, 2016

ကမ္ဘာမှမိုင် ၂၅၀ အမြင့်ရှိ ကမ္ဘာ့ပတ်လမ်းကြောင်းကို အာကာသအတွင်း အဖိုးအတန်းဆုံး နေရာအဖြစ် သတ်မှတ် ကာကွယ်မည်



ဝါရှင်တန် ၊ ၁၁-၅-၂၀၁၆

ကမ္ဘာမှ မိုင်ပေါင်း ၂၅ဝ အနည်းဆုံး မြင့်သည့် ကမ္ဘာပတ် လမ်းကြောင်းသည် အမေရိကန် နိုင်ငံ အပါအဝင် နိုင်ငံတကာ အာကာသ စူးစမ်း လေ့လာရေး အဖွဲ့များ၏ ဂြိုဟ်တုများ၊ အာကာသ ယာဉ်များ၊ စူးစမ်း လေ့လာရေး ယာဉ်များကို ထားရှိလှည့်လည် ပျံသန်း စူးစမ်းသော နေရာဖြစ်သည့် အတွက် ကမ္ဘာပတ် လမ်းကြောင်းကို အာကာသ အတွင်း အဖိုးအတန်ဆုံး နေရာအဖြစ် သတ်မှတ် ကာကွယ် သွားမည် ဖြစ်ကြောင်း နာဆာမှ ထုတ်ပြန် ကြေညာသည်။

ကမ္ဘာပတ် လမ်းကြောင်း၌ အာကာသယာဉ် တို့ကို ဖျက်ဆီးရာမှ ထွက်ပေါ် လာသော အမှိုက် အကြွင်းအကျန် အမြောက်အမြား ရှိနေသည်။ ၄င်း အမှိုက် အကြွင်းအကျန် တို့သည် နိုင်ငံ တစ်နိုင်ငံက လွှတ်တင် လိုက်သော ဂြိုဟ်တု ၊ အာကာသယာဉ် အစရှိသည် တို့နှင့် တိုက်မိကာ ကြီးမားသော ပေါက်ကွဲ ပျက်စီးမှုကြီးကို ဖြစ်စေနိုင်သည်။ ၄င်း ပျက်စီးမှု အတွက် နိုင်ငံများက တစ်နိုင်ငံနှင့် တစ်နိုင်ငံ အထင်အမြင် လွဲမှားကာ မိမိ အာကာသယာဉ် ကို တမင်တကာ ပစ်ခတ် ဖောက်ခွဲဖျက်ဆီး သည်ဟု ယူဆပြီး တစ်ဖက်နှင့် တစ်ဖက် စစ်မက်ဖြစ်ပွား လာသည်ထိ ပြဿနာ ကြီးထွားလာနိုင် သည့်အတွက် ကမ္ဘာပတ် လမ်းကြောင်းကို အထူး ကာကွယ် စောင့်ရှောက်ရန် မှာ အရေးကြီးကြောင်း နာဆာမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

''၂ဝဝ၇ ခုနှစ်က တရုတ်နိုင်ငံ ဟာ သက်တမ်းကုန်ဆုံး သွားပြီဖြစ်တဲ့ ဂြိုဟ်တု တစ်လုံးကို မြေပြင်ကနေ ဒုံးကျည်နဲ့ ပစ်ပြီး ဖျက်ဆီးခဲ့ ပါတယ်။ ဂြိုဟ်တု ပျက်စီးသွား ပေမယ့် အပျက်အစီး အစအန ထောင်ပေါင်း များစွာဟာ ကမ္ဘာပတ် လမ်းကြောင်း ထဲကို ရောက်ရှိ သွားပါတယ်။ နောက်ထပ် သုံးနှစ်အကြာ၊ ၂ဝ၁ဝ ပြည့်နှစ်မှာ တရုတ်နိုင်ငံရဲ့လုပ်ရပ်ကြောင့် အမေရိကန် နိုင်ငံ ပင်တဂွန်နဲ့  စစ်မက်ဖြစ်ပွား လုဆဲဆဲထိ အခြေအနေတွေ တင်းမာခဲ့ ပါတယ်။ တရုတ်နိုင်ငံ က ပစ်လွှတ် လိုက်တဲ့ ဒုံးကျည်ဟာ အာကာသထဲ ကို မိုင်ပေါင်း ၂၂ဝဝဝ အထိ ရောက်ရှိသွား လို့ပဲ ဖြစ်ပါတယ်။ အဲဒီမှာ အမေရိကန် နိုင်ငံရဲ့ အရေးအကြီးဆုံး နိုင်ငံတော် ကာကွယ်ရေး ဂြိုဟ်တုတွေ ရှိနေ လို့ပါပဲ။ သူတို့ ရဲ့ အထိမခံ နိုင်တဲ့ ဧရိယာထဲကို ဒုံးကျည် ၀င်ရောက် ဖောက်ခွဲခဲ့တဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်ကို အမေရိကန် နိုင်ငံဟာ အထိတ်တလန့် နဲ့ ကဲ့ရဲ့ပြစ်တင် ဝေဖန်ခဲ့တာ ဖြစ်ပါတယ်''ဟု နာဆာမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger