www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 2, 2016

မြ၀တီနေ့စဉ်သတင်းစာ ထုတ်ဝေသည့် (၅)နှစ်ပြည့် အခမ်းအနား ကျင်းပ


မြ၀တီသတင်းစာတိုက် ၏ သတင်းစာထုတ်ဝေမှု (၅)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပစဉ်

နေပြည်တော် ၊ ၂-၅-၂၀၁၆

ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ ဆက်ဆံရေး နှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး မြဝတီ သတင်းစာတိုက် ၏ သတင်းစာ ထုတ်ဝေမှု (၅)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းရှိ မြဝတီ သတင်းစာတိုက် (ရုံးခွဲ) ရန်ကုန်၌ ကျင်းပသည်။

အခမ်းအနား သို့ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ခင်မောင်ချို၊ မြန်မာနိုင်ငံ စာရေးဆရာ အသင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းမှ တာဝန်ရှိ သူများ၊ ဆုရရှိသူ များနှင့် ဖိတ်ကြားထား သူများ တက်ရောက် ကြသည်။

ဦးစွာ ပြည်သူ့ဆက်ဆံရေး နှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ကိုယ်စား ဒုတိယ ညွှန်ကြားရေးမှူး က နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။ ဆက်လက်၍ စာရေးဆရာ၊ သတင်းစာ ဆရာကြီးများ ဖြစ်ကြသော တင့်ဆွေ(ဖျာပုံ)၊ တက္ကသိုလ် မြတ်သူ၊ တက္ကသိုလ် တင်ခနှင့် ဦးရဲမြင့်ဖေ တို့က မုဒိတာစကားများ ပြောကြားရာ မြဝတီ သတင်းစာတိုက် စာတည်းမှူးချုပ် က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ထို့နောက် ဒုတိယ ညွှန်ကြားရေးမှူး က မြဝတီရောင်စုံ နေ့စဉ် သတင်းစာ ထုတ်ဝေခြင်း (၅)နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုဆုအား စာတည်းမှူးချုပ်ထံ သို့လည်းကောင်း၊ တာဝန်ရှိသူ များက ဆုရရှိသူများ ကိုလည်းကောင်း ဆုများ အသီးသီးပေးအပ် ခဲ့ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger