www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 9, 2016

ရေကြောင်းလူငယ် သင်တန်းသား သင်တန်းသူများ ရန်ကုန်မြစ်တွင်း လေ့လာရေးခရီး သွားရောက်



နေပြည်တော် ၊ ၉-၅-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်သင်ကြားလျက် ရှိသော ရေကြောင်းလူငယ် အခြေခံသင်တန်း အမှတ်စဉ် (၁/၂ဝ၁၆) နှင့် ရေကြောင်းလူငယ် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၆) တို့မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၉ဝ ဦးသည် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းတွင် တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် ရန်ကုန်မြစ်တွင်း လေ့လာရေးခရီး သွားရောက်ကြသည်။

လေ့လာရေး ခရီးစဉ်အတွင်း သင်တန်းသား၊ သင်တန်းသူ များသည် စစ်ရေယာဉ် ပေါ်ရှိ လက်နက်စနစ်များ၊ စက်ပိုင်းဆိုင်ရာ စနစ်များ၊ ဆက်သွယ်ရေး ဆိုင်ရာစနစ်များ နှင့် ရေယာဉ်လက်တွေ့ ခုတ်မောင်း နေမှုများကို စိတ်ပါဝင်စားစွာ လေ့လာကြပြီး တာဝန်ရှိ သူများက အသေးစိတ် ရှင်းလင်းပြသ ကြသည်။

အလားတူ ရေကြောင်းလူငယ် အခြေခံ နှင့် တန်းမြင့်သင်တန်း များကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၊ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့၊ မွန်ပြည်နယ် မော်လမြိုင်မြို့ နှင့် ဟိန်းဇဲဒေသ၊ တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ နှင့် ကျွန်းစုမြို့တို့ရှိ ရေကြောင်းလူငယ် စခန်းများ တွင်လည်း ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကာ အခြေခံ စစ်ရေးပြ ဘာသာရပ်၊ ရေတပ်သား ဆိုင်ရာ သင်ခန်းစာများ လက်တွေ့ သင်ကြားခြင်း၊ ရေယာဉ်ပေါ် လက်တွေ့ လေ့ကျင့်ခန်း များ ဆောင်ရွက်ခြင်း နှင့် လေ့လာရေးခရီး သွားရောက်ခြင်းများ ပြုလုပ် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger