www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 4, 2016

မြန်မာနိုင်ငံမှ သစ်သီးထွက်ကုန်များ ဂျပန်နိုင်ငံသို့ တင်ပို့ရန် ဂျပန်ကုမ္ပဏီများ လာရောက်ကမ်းလှမ်း



လွိုင်ကော် ၊ ၄-၄-၂၀၁၆

မြန်မာနိုင်ငံမှ ထောပတ်သီး၊ မင်းကွတ်သီး နှင့် စိန်တစ်လုံး သရက်သီး များကို ဝယ်ယူပြီး ဂျပန်နိုင်ငံသို့ တင်ပို့ရန် ဂျပန် ကုမ္ပဏီများ လာရောက် ကမ်းလှမ်း ခဲ့ကြောင်း လွိုင်ကော်မြို့ရှိ သစ်သီးဝလံ စိုက်ပျိုး ထုတ်လုပ် ရောင်းချသူများ ထံမှ သိရသည်။

''လက်ရှိမှာ ထောပတ်သီးက တင်ပို့တဲ့ ကုမ္ပဏီဆိုပြီး မရှိသေးပါဘူး။ သူတို့က မြန်မာနိုင်ငံက ထောပတ်သီးကို နှစ်သက်ကြတယ်။ နောက်ပြီး မင်းကွတ်သီးခြံ တွေထဲအထိ သွားပြီး ကြည့်ကြတယ်။ အသီးထွက်ရှိ ချိန်ကျရင် ပြန်လာကြည့်မယ် လို့လည်း ပြောတယ်။ သူတို့ဆီကို များများ တင်ပို့လို့ ရအောင် တိုးချဲ့ စိုက်ပျိုးဖို့လည်း ပြောတယ်။ နောက်ပိုင်း နည်းပညာ အကူအညီတွေ ပေးမယ်လို့ မျှော်လင့်ရ ပါတယ်'' ဟု သစ်သီးဝလံ စိုက်ပျိုး ထုတ်လုပ်သူ ဦးမိုးကောင်း က ပြောသည်။

မြန်မာနိုင်ငံ၌ ထောပတ်သီး ၂၁ မျိုးရှိပြီး ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုမြို့ တို့၌ စိုက်ပျိုးပြီး စိန်တစ်လုံး သရက်သီးကို ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်၊ အင်တော၊ တောင်ကြီး၊ ညောင်ရွှေ၊ ဟိုပုံး-ဆီဆိုင် နှင့် ပင်းတယမြို့ တို့၌ အဓိကထား စိုက်ပျိုးကာ မင်းကွတ်သီး ကို မွန်ပြည်နယ် မော်လမြိုင်မြို့၊ ကျိုက်ထိုမြို့နှင့် မုဒုံမြို့တို့၌ အဓိကထား စိုက်ပျိုးကြောင်း သိရသည်။

ပြည်ပသို့ တင်ပို့နိုင်မှု အဆင်ပြေရန် စိုက်ပျိုးသူ များကို စုစည်းပြီး မင်းကွတ်သီး၊ ထောပတ်သီး စိုက်ပျိုးသူများ အသင်း ဖွဲ့စည်း၍ ပြည်ပဈေးကွက် ရရှိရန် ကြိုးပမ်း သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger