www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 16, 2016

တရုတ်(တိုင်ပေ)၌ ပထမအကြိမ် ကျင်းပမည့် မြန်မာကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ ကုမ္ပဏီ ၈၀ ကျော်ခန့် သွားရောက်ပြသမည်


ရန်ကုန် ၊ ၁၆-၃-၂၀၁၆

မြန်မာနိုင်ငံမှ ထွက်ရှိသော ကျောက်မျက် ရတနာများကို ဦးစားပေး ပြသမည့် မြန်မာကုန်စည် ပြပွဲကို မတ် ၁၉ ရက်နှင့် ၂ဝ ရက် တို့တွင် တရုတ်(တိုင်ပေ) ၌ ကျင်းပသွားမည် ဖြစ်ကြောင်း တရုတ်(တိုင်ပေ) နိုင်ငံခြားရေး ဝန်ကြီးဌာန က ထုတ်ပြန် ထားသည်။

'' မြန်မာကုန်စည် ပြပွဲကို တရုတ်(တိုင်ပေ) မှာ ဖွင့်လှစ်ထားတဲ့ မြန်မာ့ ကုန်သွယ်ရေး ရုံးနဲ့ ပူးပေါင်းပြသ သွားမှာပါ။ မြန်မာနိုင်ငံ အနေနဲ့ တရုတ်(တိုင်ပေ) မှာ ပထမဆုံး အကြိမ် ပြုလုပ်တာပါ'' ဟု တရုတ်(တိုင်ပေ) နိုင်ငံခြား ရေး ဝန်ကြီးဌာန လက်အောက်ရှိ အရှေ့ အာရှနှင့် ပစိဖိတ်ဌာနခွဲ ဒါရိုက်တာ Elliot Chrang က ပြောသည်။

အဆိုပါ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ကုမ္ပဏီ ၈ဝ ကျော်ခန့်က ထုတ်ကုန်များ ပြသရန် ပြင်ဆင်လျက် ရှိပြီး ကျောက်စိမ်း ၊ ကျောက်မျက် ရတနာများနှင့် ပုလဲတို့ကို အဓိက ပြသရန် စီစဉ်ထား သော်လည်း စိုက်ပျိုးရေး ထုတ် ကုန်များနှင့် ရေထွက်ကုန် ပစ္စည်းများ ကိုလည်း ပြသသွားမည် ဖြစ်သည်။

ထို့ပြင် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး အတွက် မြန်မာ ခရီးသွားလုပ်ငန်း ကုမ္ပဏီများ ကလည်း မြန်မာနိုင်ငံ ခရီးစဉ်များကို မိတ်ဆက် သွားမည် ဖြစ်ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger