www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 25, 2016

ရှုခင်းသာပန်းခြံကို ပြောင်းလဲတည်ဆောက် ထားသော Yangon Waterboom ကို ဖေဖော်ဝါရီ ၂၉ ရက်တွင် စတင်ဖွင့်လှစ်မည်


Yangon Waterboom

ရန်ကုန် ၊ ၂၅-၂-၂၀၁၆

ယခင် ရှုခင်းသာပန်းခြံ နေရာကို ပြုပြင်ပြောင်းလဲ တည်ဆောက် ထားသော Yangon Waterboom ကို ဖေဖော်ဝါရီ ၂၉ ရက်တွင် စတင်ဖွင့်လှစ် သွားရန် စီစဉ်ထားကြောင်း သိရသည်။

Yangon Waterboom ကစားကွင်း၌ ရေလွှာလျှောစီး ကစားနည်းပေါင်း ၂ဝ ခန့် ပါဝင်ပြီး ထိုကစားနည်း များထဲတွင် ရေလွှာ လှိုင်းစီးခြင်း၊ ရေပေါ်အိမ်၊ ကလေးငယ်များ ဝင်ရောက် ဆော့ကစားနိုင်မည့် ကလေး ရေကူးကန် စသည်တို့အပြင် တခြားသော နိုင်ငံတကာ အဆင့်မီ ကစားနည်းများ အမျိုးအစား စုံလင်စွာ ပါဝင်မည် ဖြစ်သည်။

ထိုကစားကွင်းကို ၂ဝ၁၃ ခုနှစ် ကတည်းက စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ရာနှုန်းပြည့် နီးပါး တည်ဆောက် ပြီးစီးသွားပြီ ဖြစ်သည့်အတွက် ဖေဖော်ဝါရီ ၂၉ ရက်တွင် စတင် ဖွင့်လှစ်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း၊ ဝင်ကြေး အနေဖြင့် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် များတွင် လူကြီး ကျပ် ၂၅ဝဝဝ၊ ကလေး ကျပ် ၂ဝဝဝဝ နှင့် ရုံးဖွင့်ရက်များတွင် လူကြီး ကျပ် ၂ဝဝဝဝ နှင့်ကလေး ကျပ် ၁၅ဝဝဝ သတ်မှတ် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Yangon Waterboom ကစားကွင်း၌ လာရောက် ကစားကြသော ကလေး၊ လူကြီးများ အတွက် လုံခြုံရေးပိုင်းနှင့် ပတ်သက်၍ ဘေးအန္တရာယ် ကင်းရှင်းပြီး စိတ်ချရ မှုရှိစေရန် ကြိုတင်စီစဉ် ထားကြောင်းနှင့် ကစားနည်း မျိုးစုံအပြင် တခြား ဝန်ဆောင်မှုများ အနေဖြင့် Beauty Salon များနှင့် စားသောက်ဆိုင် များကို မကြာမီ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

မိုးထက်ယံ

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger