www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 18, 2016

အဆင့်မြှင့်ထားသည့် T-cells များဖြင့် သွေးကင်ဆာကို ပျောက်ကင်းအောင် ကုသနိုင်



ကောင်းထက်

စိုးရိမ်ဖွယ်ရာ သွေးကင်ဆာ ရောဂါ သို့မဟုတ် သွေးဖြူဥကင်ဆာ (Acute Lymphoblastic Leukemia - ALL) ကုသရေး အတွက် စမ်းသပ်မှုတစ်ခု လုပ်ဆောင်ခဲ့ပြီး ယင်း နည်းလမ်းဖြင့် ကုသပေးခဲ့ရာ သွေးကင်ဆာ ဝေဒနာရှင် ၉၄ ရာခိုင်နှုန်းမှာ ရောဂါသက်သာ ပျောက်ကင်းသွား သည်ကို တွေ့ရကြောင်း သုတေသန ပညာရှင်များက ထုတ်ပြန်ထားသည်။

ယေဘုယျ အားဖြင့် အသက် ၂၅ နှစ်မှ ၆၄ နှစ်အကြားရှိ ALL ရောဂါဝေဒနာရှင် ၄ဝ ရာခိုင်နှုန်း သာလျှင် ငါးနှစ်ခန့် ဆက်လက် အသက်ရှင် နိုင်ဖွယ်ရှိပြီး အသက် ၆၅ နှစ် နှင့် အထက်ဆိုပါက အသက်ရှင်သန် နိုင်သည့် ပမာဏမှာ ၁၅ ရာခိုင်နှုန်း အထိ လျော့ကျ သွားသည်။

ယခု အမေရိကန် Fred Hutchinson ကင်ဆာ သုတေသန ဌာနမှ သိပ္ပံပညာရှင်များ တွေ့ရှိ ထားသည့် သွေးကင်ဆာ ကုသရေး နည်းလမ်းသစ် သည် လူများတွင် သဘာဝ ကိုယ်ခံစွမ်းအား စနစ်အတွက် အဓိက အရေးကြီးသော အစိတ်အပိုင်း ဖြစ်သည့် T-cells များကို မျိုးရိုးဗီဇ အဆင့်မြှင့်တင် မှုများ ပြုလုပ်ကာ လူနာ၏ ခန္ဓာကိုယ်အတွင်း ပြန်လည်ထည့်သွင်း ပေးခြင်း ဖြစ်သည်။

အဆိုပါဆဲလ် များသည် သာမန်အားဖြင့် လူ့ခန္ဓာကိုယ်တွင် ဗက်တီးရီးယား ပိုးများအား ရှာဖွေ သတ်ဖြတ်ခြင်းကို လုပ်ဆောင်ခြင်း ဖြစ်သည်။ သို့သော် ယင်း T-cells များကို မျိုးရိုးဗီဇ အဆင့်မြှင့်တင် လိုက်ပါက ၄င်းတို့သည် ကင်ဆာဆဲလ် များကို ရန်သူအဖြစ် သတ်မှတ်ပြီး ရှာဖွေချေမှုန်းခြင်း တို့ကို လုပ်ဆောင်ခြင်း ဖြစ်သည်။

ထို့ပြင် T-cells များသည် ခန္ဓာကိုယ်အတွင်း နှစ်ရှည်လများ စွာကြာ တည်ရှိပြီး ကင်ဆာဆဲလ်များ ပြန်လည် ဝင်ရောက်ခြင်း မရှိစေရန် ခုခံကာကွယ် နိုင်သည့်အတွက် ကင်ဆာရောဂါ ကုသရေးတွင် လက်ရှိ အသုံးပြုလျက် ရှိသည့် ဓာတုကုထုံးနှင့် ရေဒီယို သတ္တိကြွ ကုထုံးများနေရာတွင် ယခုကုသမှုက အစားထိုး နေရာယူလာမည် ဖြစ်သည်။

ပညာရှင်များက ယင်းကုသမှုကို သွေးကင်ဆာ ဝေဒနာရှင်များ အတွက် ကိုယ်ခံအား ထည့်သွင်းပေးခြင်း ကုထုံးဟု အမည်ပေး နိုင်ရန် ကြိုးပမ်းလျက် ရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger