www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 9, 2016

Hair & Make Up Championship Myanmar 2016 ပြပွဲနှင့်ပြိုင်ပွဲ ကျင်းပမည်



ရန်ကုန် ၊ ၉-၂-၂၀၁၆

င်္Fashion House (Hair Beauty Nail Spa ) က ဆရာမကြီး Agnes Lim ခေါ် Kyin Po ဦးစီးကျင်းပမည့် Hair & Make Up Championship Myanmar 2016 ပြပွဲနှင့်ပြိုင်ပွဲ ကို မေ ၂၄ ရက်တွင် ရန်ကုန်မြို့ Gandamar Hole Sale ရှိ  Gandamar Grand Ballroom Area ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ံHair & Make Up Championship Myanmar 2016 ပြပွဲနှင့်ပြိုင်ပွဲ သည် မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်ပြီး မြန်မာနိုင်ငံရှိ Hair & Make Up စိတ်ပါဝင်စား သူများအတွက် အဓိက ရည်ရွယ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် Young Talent Group (Female Cutting & Coloring Design) ၊ Up Styling Group (Long Hair Mannequin's Heads Group) ၊ Creative Design Group Long Hair (Real Model Group) စသည့် ခေါင်းစဉ်သုံးခုဖြင့် ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။

ပြိုင်ပွဲအတွက် လျှောက်လွှာများကို ကမ္ဘာအေး ဘုရားလမ်းရှိ Fashion House (Hair Beauty Nail Spa) ၊ တက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ Spice Girls (Nail Beauty & Hair Salon) ၊ တာမွေမြို့နယ်ရှိ RDC Co., Ltd. (Eushido) ၊ မန္တလေးမြို့ရှိ RDC Co.,Ltd.(Eushido) နှင့် Thuza (Beauty & Spa) တို့၌ ရယူနိုင်မည် ဖြစ်သည်။

မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင် နိုင်ပြီး လျှောက်လွှာများကို မတ် ၁၅ ရက် နောက်ဆုံး ထား ပေးပို့ရ မည် ဖြစ်သည်။ ပြိုင်ပွဲအတွက် ဆန်ခါတင်ဦးရေ ၁ဝဝ ရွေးချယ်သွားမည် ဖြစ်၍ ထိုဆန်ခါတင် ဦးရေ ၁ဝဝ ထဲမှ ၁၂ ဦး ရွေးချယ်ပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများကို ချီးမြှင့်သွားမည် ဖြစ်သည်။

ပထမဆုကို ကျပ် ၁ဝ သိန်း ချီးမြှင့်မည် ဖြစ်ပြီး ပထမဆု ရရှိသူသည် မလေးရှား နိုင်ငံ၌ ကျင်းပမည့် Hair & Make Up ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ခွင့် ရှိမည်ဖြစ်သည်။ ဒုတိယဆုကို ကျပ် ခုနစ်သိန်း ချီးမြှင့်၍ တတိယဆုကို ကျပ်ငါးသိန်း ချီးမြှင့်မည်ဖြစ်သည်။ Hair & Make Up Championship Myanmar 2016 ပြပွဲနှင့် ပြိုင်ပွဲတွင် နိုင်ငံ ခုနစ်နိုင်ငံမှ ဆံပင်ပညာရှင် များ အကဲဖြတ်ဒိုင် အဖြစ် ပါဝင်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

မြင့်မြင့်စိုး

မြ၀တီနေ့စဉ် ၊ စာ(၂၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger