www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 9, 2016

မီးလောင်မှုဖြစ်ပွားခဲ့သည့် မြို့များတွင် မီးဘေးကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်


နယ်မြေခံတပ်မတော်သားများ နမ့်ဆန်မြို့၌ မီးလောင်ပျက်စီးခဲ့သည့် နေအိမ်များအား ရှင်းလင်းပေးစဉ်

အနောက်တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့များက လပွတ္တာမြို့ရှိ မီးဘေးသင့် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်

နေပြည်တော် ၊ ၉-၂-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ နမ့်ဆန်မြို့၌ မီးလောင်ကျွမ်းမှု ကို ယမန်နေ့တွင် နယ်မြေခံ တပ်မတော်သား များက ဒေသခံ ပြည်သူများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ မီးလောင်ပျက်စီး ခဲ့သည့် နေအိမ်များအား ရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိပြီး မီးဘေးသင့် ပြည်သူများ စားသောက် နေထိုင်ရေး အဆင်ပြေ ချောမွေ့ စေရေး ကူညီဆောင်ရွက် ပေးလျက် ရှိကာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့များဖြင့် ဆေးဝါး ကုသပေးခြင်းများ ဆက်လက် ဆောင်ရွက် ပေးသည်။

ထို့အတူ ဧရာဝတီတိုင်း ဒေသကြီး၊ လပွတ္တာမြို့ရှိ မီးဘေးသင့် ပြည်သူများ အတွက် ယာယီ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ် ထားရှိသည့် လေးထပ် ဘုန်းတော်ကြီး ကျောင်း၌ မီးဘေးသင့် ပြည်သူ များအား အနောက် တောင်တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့များက ကျန်းမာရေး စောင့်ေ ရှာက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခြင်း၊ ဆန်နှင့် စားသောက်ဖွယ်ရာ များ ထောက်ပံ့ လှူဒါန်းခြင်းနှင့် လေးထပ် ဘုန်းတော်ကြီး ကျောင်းဝင်း အတွင်းအပြင် သန့်ရှင်းရေး တို့ကိုလည်း ဆောင် ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger