www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 15, 2016

မိုးကိုမျှော်လင့်နေသည့် အာဖရိက နှင့် မပြီးဆုံးနိုင်သေးသည့် အယ်လ်နီညို ၏ ရက်စက်မှုများ



မိုးကိုမျှော်လင့်နေသည့် အာဖရိက နှင့် မပြီးဆုံးနိုင်သေးသည့် အယ်လ်နီညို ၏ ရက်စက်မှုများ

( ရှိန်းထက် )

ကမ္ဘာ့ အရှေ့ပိုင်း၊ တောင်ပိုင်း နှင့် အနောက်ပိုင်း တို့၌ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ အပူချိန် ကျဆင်းခဲ့ပြီး ဆောင်း ဝင်ခဲ့ သော်လည်း အာဖရိက၌ စံချိန်တင် အပူချိန် များဖြင့် ဆက်လက် ပူပြင်း နေခဲ့သည်။ ၂ဝ၁၅ ခုနှစ်ကို ကမ္ဘာ့ အပူဆုံးနှစ် တစ်နှစ်အဖြစ် ကုလသမဂ္ဂ မှ ကြေညာခဲ့ပြီး နောက် ဆယ်စုနှစ် ၅ဝ အတွင်း ပူပြင်းကာလ များကို အာဖရိကတိုက် ရှိ လူ သန်းပေါင်း များစွာ ဖြတ်သန်း နေရခြင်း ဖြစ်သည်။

အာဖရိကသည် မိုးခေါင်မှုနှင့် ရေရှားမှု များကို ခံစား နေရချိန်တွင် အပူလှိုင်း များက ထပ်မံဝင်ရောက် လာပြန်သည်။ စိုက်ပျိုးထား သည့် သီးနှံများလည်း သေဆုံးသွားပြီး သန်းပေါင်း များစွာသော ပြည်သူများမှာ အငတ်ဘေးနှင့် ကြုံတွေ့ ရတော့သည်။ အာဖရိက ရောက် NGO အဖွဲ့အစည်း များနှင့် ကုလသမဂ္ဂ အကူအညီ ပေးရေး လုပ်သားများ အားလုံးသည် အာဖရိကရှိ ကလေးငယ် များကိုကြည့်ကာ မျက်ရည်ဝဲ ခဲ့ကြရသည်။ ဆိုမာလီယာ တွင် ကလေးငယ်ပေါင်း ၅၈ဝဝဝ သည် အငတ်ေ ဘး ကြောင့် သေလုဆဲဆဲ ဖြစ်နေကြသည်။

ငါးနှစ်အောက် ကလေးငယ် ၃ဝ၅ဝဝဝ မှာလည်း အာဟာရ ဓာတ်ချို့တဲ့ကာ အရေးပေါ် အကူအညီ မရရှိပါက အသက်ဆုံးရှုံး ရမည့် အနေအထား သို့ပင် ရောက်ရှိ နေသည်။ ထို့ကြောင့် ကုလသမဂ္ဂ သည် အာဖရိက တိုက်သို့ အရေးပေါ် အကူအညီ များပေးရန် နိုင်ငံတကာသို့ မေတ္တာရပ်ခံ ထားသည်။ အာဖရိကတိုက် ရှိ ကလေးငယ် များနှင့် အငတ်ဘေး ကြုံတွေ့ နေရသည့် ပြည်သူ သန်းပေါင်း များစွာကို အကူအညီ ပေးနိုင်ရန် ယခုလက်ရှိ အမေရိကန် ဒေါ်လာ ၈၈၅ သန်း ချက်ချင်း လိုအပ်လျက် ရှိသည်။

ထိုငွေ ပမာဏသည် အငတ်ဘေး ပြဿနာကို ချက်ချင်း ဖြေရှင်းနိုင်ရန် ကုလသမဂ္ဂ၏ ရေတို တောင်းခံချက်သာ ရှိသေးသည်။ ပြန်လည် နာလန်ထူရေးနှင့် ကျန်းမာရေး ပြဿနာများ ဖြေရှင်းနိုင်ရန် အလုံးစုံသော တောင်း ခံချက် များသာ အပါအဝင် ဆိုပါက အာဖရိက အတွက် လိုအပ်ငွေသည် အမေရိကန် ဒေါ်လာ ဘီလီယံနှင့်ချီ ရှိနိုင်သည်။ ဆိုမာလီယာတွင် အငတ်ဘေး ကြုံနေရပြီး အကူအညီ လိုအပ်နေသည့် လူဦးရေသည် ၄ ဒသမ ၇ သန်းခန့် ရှိသည်။ ထိုအထဲမှ လူဦးရေ ၉၅ဝဝဝဝ ခန့်သည် နေ့စဉ်နှင့် အမျှ အစာရေစာ ရရှိနိုင်ရန် အခက်အခဲ ပေါင်းများစွာ နှင့် ရုန်းကန်နေ ရသည်။

အငတ်ဘေး ကြုံနေရသည့် ကြားထဲ အယ်လ်ရှာဘတ် စစ်သွေးကြွ တို့၏ အကြမ်းဖက် တိုက်ခိုက်မှုများ ကိုလည်း ဆိုမာလီယာ ပြည်သူတို့ အလူးအလဲ ခံစား နေရသည်။ ကုလသမဂ္ဂ၏ အစီရင်ခံစာ အရ ဆိုမာလီယာ တွင် လေးနှစ်အတွင်း အငတ်ဘေးနှင့် ပြည်တွင်း စစ်ပွဲများကြောင့် သေဆုံးသူ အရေအတွက် သည် ၂၅ဝဝဝဝ အထိ ရှိခဲ့သည်ဟု ဆိုသည်။ မငြိမ်းချမ်း သေးသော အာဖရိက အတွက် နောက်ထပ် သတင်းဆိုး တစ်ပုဒ် ကလည်း ထပ်မံရောက်ရှိ လာသေးသည်။ လာမည့် ရက်သတ္တပတ် အတွင်း နောက်ထပ် အပူလှိုင်း နှစ်ခု ထပ်မံဝင်ရောက် နိုင်သေးသည် ဆိုသည့် သတိပေးချက် ဖြစ်သည်။

ထို့ကြောင့် ယခင် ကတည်းက အငတ်ငတ် အပြတ်ပြတ် ဖြစ်နေသော ဆိုမာလီယာ ပြည်သူများ အတွက် ၂ဝ၁၅ ခုနှစ်မှ စကာ အပြင်းထန်ဆုံး နှင့် အရက်စက်ဆုံး ခံစားမှု များကို ပေးခဲ့သော အယ်လ်နီညို သည် ၂ဝ၁၆ ခုနှစ်အထိ အမွေဆိုး အမွေခံအဖြစ် ထပ်မံလိုက်ပါ လာသည်။ ၂ဝ၁၆ ခုနှစ်တွင်လည်း အပူချိန် လျော့ကျရန် ယခုအချိန် ထိလည်း လမ်းမမြင် နိုင်သေးပေ။ နိုင်ငံတကာ၏ အကူအညီ ဖြင့်သာ ထပ်မံ အသက်ဆက် နိုင်ရန်သာ အလေးသာ နေသည်။ အကယ်၍ ကုလသမဂ္ဂ၏ အကူအညီ များနှင့် နိုင်ငံတကာ NGO အဖွဲ့အစည်း များ၏ အကူအညီသာ မရရှိပါက ဆိုမာလီယာရှိ အငတ်ဘေး ဆိုက် ပြည်သူများသည် အသက်ပင် ဆုံးရှုံးရလိမ့်မည် ဖြစ်သည်။

ဖေဖော်ဝါရီ ၁၃ ရက်က ကမ္ဘာပေါ်ရှိ လူသန်းပေါင်း များစွာတို့၏ အာရုံစိုက်ခံ ရသော ဓာတ်ပုံတစ်ပုံ ထွက်ပေါ် လာခဲ့သည်။ ပိန်လှီပြီး အစာရေစာ ငတ်ပြတ် နေသော ကလေးငယ် တစ်ဦးကို အကူအညီ ပေးရေးလုပ်သား အမျိုးသမီး တစ်ဦးက လမ်းပေါ်တွင် ဂရုတစိုက် ရေတိုက် နေသည့် ရင်နင့်ဖွယ် ဓာတ်ပုံပင် ဖြစ်သည်။ ထို့အတူ အကူအညီ အရေးတကြီး လိုအပ်နေသည့် အာဖရိက ကလေးငယ် များနှင့် ကုလသမဂ္ဂ ကလေးငယ်များ ဆိုင်ရာ အကူအညီ ပေးရေး လုပ်သား အမျိုးသမီး တစ်ဦးတို့ မျက်ရည်ဝဲ လျက် ရိုက်ခဲ့သော ဓာတ်ပုံသည်လည်း နိုင်ငံတကာ မီဒီယာ များကြားတွင် ရေပန်းစား ခဲ့သည်။

ဆိုမာလီယာ သည် ခေတ်သစ် အယ်လ်နီညို ၏ဒဏ်ကို အဆိုးရွားဆုံး ခံစားရသည့် နိုင် ငံဖြစ်သည်။ နှစ်ပေါင်း ၂ဝ အတွင်း အဆုံးရွားဆုံး မိုးခေါင် ရေရှားမှုနှင့် အငတ်ဘေးကို အကြီးအကျယ် ဆုံး ခံစားရလျက် ရှိ သည့်နိုင်ငံ အဖြစ်လည်း မှတ်တမ်းဝင် သွားခဲ့သည်။ သူနှင့် အိမ်နီးချင်း အီသီယိုးပီးယား နိုင်ငံသည် ဒုတိယ အဆိုးရွားဆုံး အယ်လ်နီ ညို ၏ ဒဏ်ကို ခံစားနေရသည်။ နှစ်ပေါင်း ၅ဝ အတွင်း အကြီးမားဆုံး မိုးခေါင် ရေရှားမှု ကို ကြုံတွေ့ နေရပြီး အလျင်မြန်ဆုံး ဖွံ့ဖြိုးတိုး တက် နေသည့် နိုင်ငံ၏ စီးပွားရေးကို ရိုက်ချိုးပစ် ခဲ့သည်။ နိုင်ငံ စိုက်ပျိုးရေး၏ ၇၅ ရာခိုင် နှုန်း ဆုံးရှုံးခဲ့ ရသည်။ လူပေါင်း ၁ဝ သန်းနှင့် ၁၅ သန်း သည် အကူအညီ လိုအပ်နေသည်။

ကလေး ၄၃ဝဝဝဝ သည် ကျန်းမာရေးနှင့် အစာ အာဟာရ ချို့တဲ့နေသည်။ သို့သော်လည်း အာဖရိကတွင် အီသီယိုးပီးယား သည် စီးပွားရေး များစွာ တိုးတက် လာခဲ့သည့် အတွက် လူ အသေအပျောက် မရှိအောင် စီမံခန့်ခွဲ ထားနိုင်သည်။ နိုင်ငံတကာ အကူအညီများ နှင့် အစိုးရ အထောက်အပံ့ များကိုလည်း အချိန်မီ ပို့နိုင်ခဲ့သည်။ အကယ်၍ အီသီယိုး ပီးယား သာ လွန်ခဲ့သည့် ဆယ်စုနှစ် အခြေ အနေ ဆီမှာသာ ရှိနေခဲ့ပါက အီသီယိုးပီးယား ၏ အငတ်ဘေးသည် အာဖရိက တွင် သေဆုံးမှု အများဆုံး အဖြစ် မှတ်တမ်းဝင် သွားမည် ဖြစ်သည်။

သို့သော်လည်း ယခု ဆိုမာလီယာ သည် အီသီယိုးပီးယား ထက် အရေအတွက် နည်းသော်လည်း အသေအပျောက် အများဆုံး ဖြစ်နေသည်။ ဆိုမာလီယာ ၏ စီးပွားရေး သည် အာဖရိကထက် များစွာ နိမ့်ကျနေသော ကြောင့် ဖြစ်သည်။ တတိယ အယ်လ်နီညို ၏ ရိုက်ခတ်မှုသည် တောင်အာဖရိက ဖြစ်သည်။ အာဖရိကတွင် အဖွံ့ဖြိုးဆုံး တောင်အာဖရိက သည် ပြည်နယ်ကိုးခု အနက် ငါးခုကို သဘာဝ ဘေး အန္တရာယ်ဇုန် အဖြစ် ကြေညာခဲ့သည်။

ပြည်သူ သန်းနှင့်ချီ လည်း အငတ်ဘေး အန္တရာယ် ကြုံခဲ့ရသည်။ နိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍသည် လည်း အမေရိကန် ဒေါ်လာ သန်း ၆ဝဝ ကျော်အထိ ဆုံးရှုံးခဲ့ ရသည်။ နောက်ဆုံး သမ္မတ ဂျက်ကော့ဇူးမား သည် နိုင်ငံ၏ စီးပွားရေးကို ကိုင်တွယ်ပုံ ညံ့ဖျင်းသည်။ ကြိုတင် ပြင်ဆင်မှုများ မရှိဟု ဆိုကာ အတိုက်အခံ များ၏ အပြစ်တင်ခြင်း ကို ခံရသည်။ နောက်ဆုံး တောင်အာဖရိက ပြည်သူများ ကပင် ဇူးမားကို အယ်လ်နီညို ကြောင့်ပင် အကြည်ညို ပျက်ကုန်ကြပြီ ဖြစ်သည်။ အာဖရိကတိုက် ၏ နှစ်ပေါင်း ၅ဝ အတွင်း အကြီးအကျယ်ဆုံး အယ်လ်နီညို ဝင်ရောက်မှုသည် အာဖရိက ပြည်သူ ၁၄ သန်းခန့်ကို အကြီးအကျယ် အငတ်ဘေး ဆိုက် စေခဲ့သည်။ တိမ်မည်း တိမ်ညိုရိပ် များလို အာဖရိက ကောင်းကင်ယံ တွင် မြင်တွေ့နေ ရသော် လည်း ယခုအချိန်ထိ ရွာချမှု မရှိသေးသော အာဖရိက မိုးသည် မည်သည့် အချိန် ရုတ်တရက် ပေါ်ထွက် လာမည်ကို အာဖရိက ပြည်သူများက မျှော်လင့်ခြင်း ကြီးမားစွာ စောင့်နေသော် လည်း လိုက်လေ ဝေးလေ ဆိုသကဲ့သို့ ပြန်လည် ပျောက်ကွယ် သွားပြန်ပြီ ဖြစ်သည်။

ထို့ကြောင့် အာဖရိက ပြည်သူများသည် မိုးကို မျှော်လင့်ရင်းဖြင့် အယ်လ်နီညို ၏ ရက်စက်မှု များကို ဆက်လက်ခံစား နေရပါကြောင်း တင်ပြလိုက် ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger