www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 1, 2016

ကမ္ဘာ့အကြီးဆုံး နေစွမ်းအင်သုံးရေပေါ်လျှပ်စစ်ဓာတ်အားစက်ရုံ ဂျပန်နိုင်ငံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကုမ္ပဏီ က တည်ဆောက်



တိုကျို ၊ ၁-၂-၂၀၁၆

ကမ္ဘာတစ်ဝန်းတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အသုံးပြုကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း ကို ဦးစားပေး ဆောင်ရွက် လာကြရာ နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စက်ရုံများ တည်ဆောက် ခြင်းဖြင့် လိုအပ်သော လျှပ်စစ် ဓာတ်အားကို နိုင်နင်း တောင့်တင်း စွာ ဖြည့် ဆည်းနိုင် သော်လည်း နေရောင်ခြည်ကို ဖမ်းယူပေးသည့် ဆိုလာမှန်ချပ်များ အတွက် မြေနေရာ များစွာ ပေးရလေ့ ရှိသည့် အခက်အခဲ ကြုံတွေ့ရလေ့ ရှိသည်။

ထို့ကြောင့် ဂျပန်နိုင်ငံ အခြေစိုက် ကမ္ဘာကျော် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ကုမ္ပဏီကြီး Kyocera က ကမ္ဘာ့ အကြီးဆုံး နေစွမ်းအင်သုံး ရေပေါ် လျှပ်စစ်ဓာတ်အား စက်ရုံကို စတင် တည်ဆောက် နေ ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ရေပေါ်လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး စက်ရုံသည် Kyocera အတွက် ပထမဆုံး စီမံကိန်း မဟုတ်ဘဲ စတုတ္ထမြောက်ရေပေါ် လျှပ်စစ်ဓာတ်အား စက်ရုံဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့၏ အရှေ့တောင်ဘက် ယာမာကူရာ ဆည်ကြီးအတွင်း တည်ဆောက်လျက် ရှိကြောင်း၊ ပြီးစီးသွားပါက ၁၃ ဒသမ ၇ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည် ဖြစ်ပြီး ၂ဝ၁၈ ခုနှစ် မတ်လတွင်  အပြီးသတ် တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အား ၁၃ ဒသမ ၇ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် ဆိုလာပြားပေါင်း ၅၁ဝဝဝ ကို အသုံးပြု သွားရမည်ဖြစ်ပြီး နေရာအားဖြင့် ၄၄ ဒသမ ၅ ဧက အသုံးပြုမည် ဖြစ်သည်။ ထို့နောက် အိမ်ခြေပေါင်း ၄၉၇ဝ အတွက် လိုအပ်သော လျှပ်စစ်ဓာတ်အား ကို ထုတ်လုပ် ပေးနိုင်မည်ဖြစ်ပြီး တစ်နှစ်လျှင် ကာဗွန်ဒိုင် အောက်ဆိုက် ထုတ်လွှတ်မှု ၇၄၁၁ တန်ကို သက်သာစေမည် ဖြစ်သည့်အပြင် ၎င်း လျှပ်စစ်ဓာတ်အား ပမာဏ ရရှိအောင် စက်ကို ခုတ်မောင်း ရပါက ကုန်ကျမည့် လောင်စာဆီပေါင်း စည် ၁၉ဝဝဝ ၏ ကုန်ကျစရိတ် လည်း သက်သာသွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger