www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 16, 2016

၂၀၁၇ ခုနှစ်တွင် မြန်မာ့အထည်ချုပ်လုပ်ငန်းမှ ဥရောပနိုင်ငံများသို့ ယူရို ၁ ဘီလီယံအထိ အထည်ချုပ်ပို့ကုန် တင်ပို့နိုင်ရန် မျှော်မှန်း



ရန်ကုန် ၊ ၁၆-၂-၂၀၁၆

ယမန်နှစ်က ဥရောပနိုင်ငံ များသို့ မြန်မာ့ အထည်ချုပ်လုပ်ငန်း မှ ယူရိုသန်း ၄ဝဝ (အမေရိကန် ဒေါ်လာ သန်း ၄၅ဝ ကျော်) တင်ပို့နိုင်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် ယူရို ၁ ဘီလီယံ အထိ တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း ပြင်သစ် စီးပွားရေး ကွန်ရက် အဖွဲ့အစည်း Evalliance ၏ ဥက္ကဋ္ဌ မစ္စတာ ယန်းဖရန်ဆွာလီမန်တို က ပြောသည်။

၂ဝ၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ အထည်ချုပ် ပို့ကုန်များကို ဥရောပသမဂ္ဂ က လက်ရှိ တင်ပို့မှုထက် နှစ်ဆကျော်မှာယူ တင်သွင်းနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။ ထို့ကြောင့် ပြင်သစ် အဖွဲ့အစည်းနှင့် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ အထည်ချုပ် ကဏ္ဍ ပိုမိုအားကောင်း လာရန် စီမံကိန်း စာချုပ်ကို ဇန်နဝါရီ လကုန်ပိုင်းက ချုပ်ဆိုခဲ့ကြောင်း သိရသည်။

၎င်းစာချုပ်ပါ စီမံကိန်းအရ ဥရောပနိုင်ငံ များသို့ မြန်မာနိုင်ငံမှ အထည်ချုပ်မှာ ယမန်နှစ်က ယူရိုသန်း ၄ဝဝ (အမေရိကန် ဒေါ်လာ သန်း ၄၅ဝ ကျော်) တင်ပို့နိုင်ခဲ့ရာ ၂ဝ၁၇ ခုနှစ်တွင် ယူရို ၁ ဘီလီယံအထိ တင်ပို့နိုင်ရန် မျှော်မှန်းကြောင်း သိရသည်။

''မြန်မာနိုင်ငံရဲ့ အထည်ချုပ် လုပ်ငန်း ကဏ္ဍက ယှဉ်ပြိုင်အား အလားအလာ ကောင်းသလို ဥရောပသမဂ္ဂကို တင်ပို့မှု မှာလည်း ပမာဏ အတော်လေး မြင့်တက်နိုင်ခြေ ရှိပါတယ်။ ဒါ့အပြင် ဥရောပနိုင်ငံ တွေနဲ့ အထည်အလိပ် လုပ်ငန်းကဏ္ဍ၊ ဈေးကွက် ကဏ္ဍတွေမှာ လက်တွဲ ဆောင်ရွက် နိုင်မယ်လို့ ယုံကြည်ပါတယ်'' ဟု ၄င်းက ပြောသည်။

အဆိုပါ စီမံကိန်းတွင် အထည်ချုပ်ကဏ္ဍ အတွင်း အလုပ်အကိုင်များ ခန့်ထားပေးနိုင်မှု၊ ဝန်ထမ်းများ၏ အရည်အချင်း တိုးမြင့်လာရန် အဝတ်အထည် ကုန်ကြမ်းအတွက် မြန်မာနိုင်ငံ၏ ပြည်ပနိုင်ငံ များသို့ အားထားနေမှုများ လျှော့ချနိုင်ရန် တို့ ပါဝင်ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger