www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 25, 2016

သိန်းနီ-ကွတ်ခိုင် ကားလမ်း မိုင်တိုင်အမှတ် (၂ဝ၉/ဝ)အနီးတွင် လက်လုပ်မိုင်းတစ်လုံး သိမ်းဆည်းရမိ



နေပြည်တော် ၊ ၂၅-၁-၂ဝ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီ-ကွတ်ခိုင် သွားကားလမ်း မိုင်တိုင်အမှတ် (၂ဝ၉/ဝ) အနီး၌ မိုင်းတစ်လုံး တွေ့ရှိကြောင်း သတင်းအရ ဇန်နဝါရီ ၂၃ ရက် မွန်းလွဲ ၂ နာရီခန့်တွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ နှင့်မြို့နယ် တာဝန်ရှိသူများ ပူးပေါင်း အဖွဲ့သည် ၄င်းနေရာအား သွားရောက် ရှင်းလင်းရာ အလျား ၃ လက်မ၊ အနံ ၁၁၅ လက်မ၊ ထု ဒသမ ၅ လက်မရှိ ယမ်းတောင့် ခြောက်တောင့်၊ လျှပ်စစ်စနက်တံ နှစ်ချောင်း၊ ၁ ပေခန့်ရှိ ဝါယာကြိုး နှစ်ချောင်း၊ ဘက်ထရီခြောက် တစ်လုံး၊ ဘောစေ့အလုံး ၃ဝဝ ခန့်နှင့် ၅ လက်မ ပတ်လည် ပလတ်စတစ်ဘူး တစ်ဘူးတို့ ပါဝင်သော လက်လုပ်မိုင်း တစ်လုံးကို ရှာဖွေတွေ့ရှိ ခဲ့သည်။

အဆိုပါမိုင်းကို SSA (ဝမ်ဟိုင်း) အဖွဲ့ဟု ယူဆရသော လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ ထောင် ထားခြင်း ဖြစ်ကြောင်း သိရှိရပြီး စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင် များက သက်မဲ့ ပြုလုပ်နိုင် ခဲ့ကြောင်း သိရှိရသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger