www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 2, 2015

ဖုန်းဘက်ထရီနေ့စဉ် အားသွင်းရသည့် ဒုက္ခမှ ကင်းဝေးစေမည့် Touchscreen အမျိုးအစားသစ် ထွက်ပေါ်လာ



လန်ဒန် ၊ ၂-၁၂-၂၀၁၅

မျက်မှောက်ခေတ် စမတ်ဖုန်း၊ တက်ဘလက် အစရှိသည်တို့သည် ဘက်ထရီအား အသုံးပြုသည့်နှုန်း မြန်ဆန်သည့် အတွက် နေ့စဉ်အားသွင်း ရခြင်း၊ အသုံးများလျှင် တစ်ရက်တည်းတွင် အကြိမ်ကြိမ် အားပြန်သွင်း ရခြင်း ကဲ့သို့သော အဆင်မပြေမှုများ ရှိရာ UK သိပ္ပံပညာရှင် များက ဘက်ထရီအား အနည်းငယ်မျှ ကိုသာ အသုံးပြုသော Touchscreen အမျိုးအစားသစ် ကို ထုတ်လုပ်လိုက်ပြီး နေရောင်ထဲ တွင်လည်း ကြည်လင် ပြတ်သားစွာ မြင်တွေ့နိုင်မည် ဖြစ်ကြောင်း သိရသည်။

စမတ်နာရီ၊ စမတ်မျက်မှန်၊ စမတ်ဖုန်းတွေဟာ ဘယ်လောက်ပဲ စမတ်ကျနေ ပါစေ၊ အချိန်တန်ရင် ဘက်ထရီ အားသွင်းရတာချည်း ဖြစ်ပါတယ် ၊ ကျွန်တော်တို့ရဲ့ Touchscreen ဟာအဲဒီ LCD Screen တွေကို အစားထိုးနိုင် ပါတယ်။ ကမ္ဘာပေါ်က ဖုန်းပေါင်း၊ တက်ဘလက်ပေါင်း သန်းပေါင်း များစွာကို အားသွင်းဖို့ မလိုတော့ဘူး ဆိုရင် စွမ်းအင် ဘယ်လောက်ထိ ချွေတာနိုင်မလဲ ဆိုတာတွက်ဆကြည့် နိုင်ပါတယ်'' ဟု သုတေသီတစ်ဦး ဖြစ်သူ ပေမန်းဟိုဆေးနီ က ပြောပြသည်။

ပေမန်းဟိုဆေးနီ သည် ကမ္ဘာ့ အကြီးဆုံး နည်းပညာ ကုမ္ပဏီကြီးများနှင့် ကနဦး ဆွေးနွေးမှုများ ပြုလုပ်နေပြီး အနာဂတ်တွင် ဖုန်းနှင့် အခြားသော Touchscreen သုံး အီလက်ထရွန်နစ် ကိရိယာများတွင် ၄င်းတို့၏ စွမ်းအင် သုံးစွဲမှုနည်း Touchscreen ကို အစားထိုး အသုံးပြု နိုင်ဖွယ်ရှိကြောင်း သိရသည်။ ''ဒီ Touchscreen သုံးလိုက်ရင် ဖုန်းတွေကို ဘက်ထရီ အားသွင်းဖို့ မလိုတော့ဘူး ရယ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သက်သာသွား မှာပါ။ တစ်ပတ်ကို တစ်ကြိမ်လောက်ပဲ ဘက်ထရီ အားသွင်းဖို့ လိုပါလိမ့်မယ်'' ဟု ပေမန်းက ပြောပြသည်။

အဆိုပါ Touchscreen အမျိုးအစားသစ်ကို UK ရှိ အောက်စဖို့ဒ် တက္ကသိုလ်မှ နည်းပညာဌာန သုတေသီများက စမ်းသပ် ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း ၊ Germanium Antimony Tellurium (GST) သတ္တုကိုအသုံးပြု ထားကြောင်း သိရသည်။ ပေမန်းနှင့် အဖွဲ့သည် နောက်ထပ် ၁၂ လအတွင်း အဆိုပါ GST Touchscreen အမျိုးအစားသစ်ကို နမူနာထုတ်လုပ် ပြသနိုင်မည် ဖြစ်ပြီး စမ်းသပ်မှု အောင်မြင်ပါက အနာဂတ်ဖုန်း များတွင် ဖုန်းအားသွင်းကြိုး အပေါ် အားထား နေရသည့် ပြဿနာ ပြေ လည်သွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger