www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 15, 2015

နေ့စဉ်ရာသီဥတုအခြေအနေ များကို Call Centre 1876 မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်



ရန်ကုန် ၊ ၁၅-၁၂-၂၀၁၅

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက် ရှိသော ရာသီဥတု ခန့်မှန်းချက်များကို Call Centre 1876 မှတစ်ဆင့် ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း ဒီဇင်ဘာ ၁၃ ရက်က မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးကျော်မိုးဦး က ပြောပြသည်။

အဆိုပါ ဝန်ဆောင်မှုကို မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် Blue Ocean ကုမ္ပဏီတို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

''ဒီိ Call Centre ကနေ ပြည်သူတွေ သိလိုတဲ့ အချက် အလက် တွေ ကို ဖြေကြား ပေး သွားမှာပါ။ နေ့စဉ် ဖြစ်ပျက်နေတဲ့ ရာသီဥတု မိုးလေဝသ အခြေအနေလဲ မေးမြန်းလို့ရမယ်။ ဖြေကြားပေးဖို့ ခက်ခဲတဲ့ အကြောင်းအရာ တွေဆိုရင် ရုံးချုပ်ကို ပြန်လည် ဆက်သွယ် ပြီးတော့ မေးမြန်းသူကို ပြန်လည်  ဖြေကြားပေးသွားမှာပါ'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

ယခုအခါ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် အလိုအလျောက် မိုးလေဝသ တိုင်းတာစက် များကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် တပ်ဆင်လျက် ရှိသည့် အပြင် လာမည့် နွေရာသီတွင် ဖြစ်ပေါ် လာနိုင်သည့် ရာသီဥတု အခြေအနေများကို မှန်ကန်တိကျ စွာ အမြန်ဆုံး ထုတ်ပြန်နိုင်ရန်  စီစဉ်ဆောင်ရွက် နေကြောင်း သိရသည်။

''မကြာသေးခင်က ပြီးထားတဲ့ ရေဒါကလဲ အခုစတင် လည်ပတ်နေပါပြီ။ ဒီကရတဲ့ အချက်အလက် တွေကိုလဲ ပြည်သူတွေ အတွက် ထုတ်ပြန် ပေးသွားမှာပါ။ မြန်မာ တစ်နိုင်ငံလုံး အနေနဲ့ တိကျတဲ့ အချက်အလက်တွေ ထုတ်ပြန် ပေးနိုင်ဖို့ ရေဒါ ခြောက်လုံး၊ ခုနစ်လုံးလောက် လိုအပ် ပါသေးတယ်။ ရေဒါတွေ တိုင်းတာနိုင်တဲ့ နှုန်းက မိုင်အားဖြင့် ၂၅ဝ လောက်ထိ ရှိပါတယ်''ဟု ၄င်းက ထပ်မံ ပြောပြသည်။

လက်ရှိတွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိမြို့ပေါင်း ၃ဝ တွင် အင်တာနက်နှင့် ချိတ်ဆက်ထားသော အလိုအလျောက် မိုးလေဝသတိုင်း ကိရိယာများကို အင်တာနက် ရရှိသည့် ဒေသများတွင် ဦးစားပေး တပ်ဆင်နေရာ ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော်နှင့် တောင်ငူမြို့တို့တွင် အနည်းငယ် တပ်ဆင်ပြီး ဖြစ်သည်ဟု သိရသည်။ (၃၃၆)

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger