www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 16, 2015

ခေတ်မီနည်းပညာသုံး လေယာဉ်၊ ရဟတ်ယာဉ်များ၊ စစ်ပစ္စည်းလက်နက် ကိရိယာများ ၀ယ်ယူဖြည့်တင်းခြင်းနှင့်အတူ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်းလုပ်ဆောင် သွားရမည်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၆၈)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည် အထိမ်းအမှတ်နေ့ နှင့် လေယာဉ် ၊ ရဟတ်ယာဉ်များ တပ်တော်ဝင် အခမ်းအနားတွင် အမှာစကား ပြောကြားစဉ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား သယ်ယူပို့ဆောင်ရေးလေယာဉ် တစ်စီးနှင့် အမောင်းသင် ဂျက်တိုက်လေယာဉ် လေးစီးတို့က အမျိုးအစား မတူညီကြသည့် လေယာဉ်ငါးစီးဖြင့် Arrow Head Formation ဟုခေါ်သည့် မြားခေါင်းသဏ္ဍာန်ပုံစံ အုပ်စုဖွဲ့ ပျံသန်း အလေးပြုစဉ်


နေပြည်တော် ၊ ၁၆-၁၂-၂၀၁၅

တပ်မတော်ကို နိုင်ငံတကာ တပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်အောင် ခေတ်မီတပ်မတော် တစ်ခုအဖြစ် ရည်မှန်းပြီး ဖွဲ့စည်းတည်ဆောက် ရာတွင် လူသားအရင်းအမြစ်၊ လက်နက်နည်းပညာ နှင့် ဓနအင်အားတို့ လိုအပ် သကဲ့သို့ တပ်မတော်သားများ အနေဖြင့် စည်းကမ်း စနစ်တကျ ရှိရန်လည်း လိုကြောင်း၊ ခေတ်မီ နည်းပညာသုံး လေယာဉ်၊ ရဟတ်ယာဉ်များ၊ စစ်ပစ္စည်း လက်နက်ကိရိယာများ ၀ယ်ယူ ဖြည့် တင်းခြင်း နှင့်အတူ လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်းလုပ်ဆောင် သွားရမည် ဖြစ်ကြောင်းဖြင့် ယမန်နေ့ နံနက် ၉ နာရီခွဲတွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်း အတတ်သင် လေတပ်စခန်း၌ ကျင်းပ ပြုလုပ်သော (၆၈)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည် အထိမ်းအမှတ်နေ့နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင် အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တပ်မတော်(လေ) ၀တ်စုံအား ဂုဏ်ပြုဝတ်ဆင်၍ တက်ရောက် အမှာစကား ပြောကြားရာ၌ ထည့်သွင်း ပြောကြားသည်။

ဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် က လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင် အခမ်းအနားနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် ယနေ့ ပဉ္စမအကြိမ် တပ်တော်ဝင် လွှဲပြောင်းပေးမှု အပါအ၀င် စုစုပေါင်း လေယာဉ် ၅ မျိုး၊ ၃၇ စီးနှင့် ရဟတ်ယာဉ် ၃ မျိုး၊ ၉ စီးတို့ကို တပ်မတော်(လေ)သို့ အောင်မြင်စွာ လွှဲပြောင်းပေးနိုင် ခဲ့ပြီးဖြ စ်ကြောင်း၊ ခေတ် မီအင်အား တောင့်တင်းရန် ခေတ်မီ စစ်လက်နက် ပစ္စည်းများ တပ်ဆင်ရမည် ဖြစ်သကဲ့သို့ ယင်းပစ္စည်း များကို ကိုင်တွယ် အသုံးပြုနိုင်မည့် အရည်အချင်း ရှိသော စစ်သည်တော်များ မွေးထုတ် ပေးမှုလည်း အရေးပါကြောင်း၊ တပ်မတော်ကို ခေတ်မီတပ်မတော် (Standard Army) ဖြစ်စေရေးအတွက် တည်ဆောက်လျက် ရှိရာတွင် တပ်ဖွဲ့အလိုက် တိုက်စွမ်းအားနှင့် တိုက်စွမ်းရည် မြင့်မားရန် လိုအပ်သည့် အတွက် မည်သည့် လက်ရုံးတပ်ဖွဲ့တွင်ဖြစ်စေ မိမိကိုယ်မိမိ တစ်ဦးချင်း အရည်အချင်း ရှိသူများ ဖြစ်အောင် လေ့ကျင့်ပျိုးထောင် သွားရန်လိုကြောင်း၊ ယခုကဲ့သို့ လေယာဉ်များ တပ်တော်ဝင် နိုင်ခြင်းသည် တပ်မတော်(လေ) အတွက် တိုက်စွမ်းအား တိုးတက် လာစေမည် ဖြစ်ပြီး နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ပြည့်ပြည့်၀၀ ထမ်းဆောင်နိုင် မည် ဖြစ်ကြောင်း၊ လေယာဉ်၊ ရဟတ်ယာဉ် များကို အန္တရာယ်ကင်း ဘေးရှင်းစွာ ပျံသန်းမောင်းနှင်ပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက် အကျိုးရှိအောင် လေ့ကျင့်သုံးစွဲကြရန် လိုအပ်ကြောင်း၊ ယခု ၀ယ်ယူဖြည့်တင်း ပေးလိုက်သည့် လေယာဉ်၊ ရဟတ်ယာဉ် များနှင့် ပတ်သက်ပြီး စစ်သည်တော် ကျင့်ဝတ်ပါ “ မိမိလက်နက်ကို ခင်မင်မြတ်နိုးပါ ” ဆိုသည့် အတိုင်း တပ်မတော်(လေ)၏ လက်နက်သဖွယ် ဖြစ်သည့် လေယာဉ်၊ ရဟတ်ယာဉ်များကို စည်းကမ်းစနစ် ကျနစွာဖြင့် ကိုင်တွယ်ပျံသန်း ဆောင်ရွက်ပြီး တပ်မတော်၏ ဂုဏ်ကို မြှင့်တင် ဆောင်ရွက်ကြရန် လိုကြောင်း။

တပ်မတော်(လေ) ၏ သမိုင်းကြောင်းကို ပြန်ကြည့်မည် ဆိုလျင် ပြည်ပ ကျူးကျော် မှုများ၊ ပြည်တွင်း သောင်းကျန်းမှု နှိမ်နင်းရေးများတွင် တပ်မတော်(ကြည်း)၊ တပ်မတော် (ရေ)၊ ပြည် သူတွေနှင့် အတူ လက်တွဲပြီး ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင် ခဲ့သည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ တပ်မတော် သမိုင်းသည် နိုင်ငံတော် သမိုင်းနှင့် ခွဲခြား၍ မရကြောင်း၊ တပ်မတော်သည် ပြည်ပ ကျူးကျော်မှုများ ဖြစ်သည့် တရုတ်ဖြူ ကျူးကျော်မှု၊ မူဂျာဟစ် ကုလားဆိုး သောင်းကျန်းသူ ကျူးကျော်မှုနှင့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းနိုင်ရေး ကိုသာမက အမျိုးသား နိုင်ငံရေး တာဝန်များကိုပါ ထမ်းဆောင်ခဲ့ ရကြောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ခြင်း၊ တိုင်းရင်းသား ပြည်သူ အကျိုးစီးပွားကို ဖော်ဆောင်ပေးခြင်းနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် ပူပေါင်း ဆောင်ရွက်ခြင်းသည် အမျိုးသား နိုင်ငံရေး အကြောင်းအရာ များပင် ဖြစ်ကြောင်း၊ အမျိုးသားနိုင်ငံရေး အကြောင်းအရာ များကို လုပ်ဆောင်ခြင်း သည်လည်း နိုင်ငံ့အရေး တာဝန် ထမ်းဆောင်ခြင်းပင် ဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးတာဝန်၊ အမျိုးသားနိုင်ငံရေးနှင့် နိုင်ငံ့အရေးကိစ္စ များတွင် မှန်မှန်ကန်ကန် တာဝန်ထမ်းဆောင် ကြရန် တိုက်တွန်း ပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် စစ်ဦးစီးအရာရှိချုပ်(လေ) ဗိုလ်မှူးချုပ် မောင်မောင်ကျော်က လေယာဉ်နှင့် ရဟတ်ယာဉ်များအား တပ်တော်ဝင်အဖြစ် ကြေညာသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်က (၆၈)နှစ်မြောက်

တပ်မတော်(လေ) နှစ်ပတ်လည်နေ့နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင် အထိမ်းအမှတ် အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်က (၆၈)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင် အထိမ်းအမှတ် အမှတ်တရ လက်ဆောင်ပေးအပ်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်တော်ဝင် ရဟတ်ယာဉ်အား အမွှေးနံ့သာများ ပက်ဖျန်းပေးစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၆၈)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည် အထိမ်းအမှတ်နေ့ နှင့် လေယာဉ် ၊ ရဟတ်ယာဉ်များ တပ်တော်ဝင် အခမ်းအနားတွင် မောင်းနှင်ပျံသန်း ခဲ့သော လေသူရဲများကို ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်


ဆက်လက်ပြီး ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်က ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်း အား တပ်တော်ဝင် အထိမ်းအမှတ် အမှတ်တရ လက်ဆောင် ပေးအပ်ခဲ့သည်။

၎င်းနောက် (၆၈)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင် အခမ်းအနား အထိမ်းအမှတ် လေယာဉ်များသရုပ်ပြ ပျံသန်းအလေးပြုခြင်း ကျင်းပပြုလုပ်ရာ ပထမဦးစွာ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၁ စီးက တပ်မတော်(ကြည်း) အလံကို ချိတ်ဆွဲပြီး ကျန်သယ် ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၂ စီးက တပ်မတော်(ရေ၊လေ) အလံများကို အသီးသီးချိတ်ဆွဲ ပျံသန်းကာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ပျံသန်း အလေးပြုကြသည်။

ထို့နောက် လေယာဉ် အမျိုးအစားအလိုက် အချိန်ကိုက်ပျံသန်းအလေးပြုခြင်း အစီအစဉ်များကို ပျံသန်းသရုပ်ပြ ကြရာ ရဟတ်ယာဉ် ၃ စီးက Vic Formation ဟုခေါ်သည့် အင်္ဂလိပ်အက္ခရာ V ပုံစံအုပ်ဖွဲ့ပျံသန်းခြင်း၊ Group အုပ်ဖွဲ့တွင် အမောင်းသင်ေ လယာဉ် ၅ စီးက Kite Formation ဟုခေါ်သည့် စွန်ပုံသဏ္ဍာန် အုပ်ဖွဲ့ပျံသန်းခြင်း၊ လေယာဉ်အမျိုးအစား မတူညီသော သယ်ယူပို့ဆောင်ရေး လေယာဉ် ၁ စီးနှင့် အမောင်းသင် လေယာဉ် ၄ စီးတို့က Composite Formation ခေါ် အမျိုးအစား မတူညီကြသည့် လေယာဉ် ၅ စီး အုပ်ဖွဲ့ပျံသန်းခြင်း၊ သယ်ယူ ပို့ဆောင်ရေးလေယာဉ် ၁ စီးနှင့် အမောင်းသင် ဂျက်တိုက်လေယာဉ် ၄ စီးတို့က အမျိုးအစား မတူညီကြသည့် လေယာဉ် ၅ စီးဖြင့် Arrow Head Formation ဟုခေါ်သည့် မြှားခေါင်းသဏ္ဍာန် ပုံစံ အုပ်ဖွဲ့ ပျံသန်းခြင်းတို့ဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ပျံသန်း အလေးပြုကြသည်။

ယင်းနောက် လေယာဉ်ကျွမ်းထိုး သရုပ်ပြ အစီအစဉ်အား ဆက်လက်ပြသရာ အမောင်းသင် လေယာဉ် ၂ စီး အုပ်ဖွဲ့လျက် Chandelle ခေါ်အပေါ်သို့ ထောင်လျက်ကွေ့ပြခြင်း၊ Mild Lazy 8 ခေါ် အင်္ဂလိပ် အက္ခရာ ၈ ပုံသဏ္ဍာန် ၂စီးတွဲ ပျံသန်းသရုပ်ပြခြင်း၊ Loop ခေါ် နောက်ပြန်ကျွမ်းထိုး ၂ စီးတွဲ သရုပ်ပြခြင်း၊ Aileron Roll ခေါ် ဘေးလှိမ့်ကျွမ်းထိုး ၂ စီးတွဲသရုပ်ပြခြင်း၊ Barrel Roll ခေါ် ရှေ့ ၁ စီးအား နောက်မှလိုက်၍ ၀ိုင်းပတ်ကျွမ်းထိုးခြင်း၊ Maximum Banking Turn ခေါ် လေယာဉ်အား တိမ်းစောင်းဒီဂရီ အများဆုံးဖြင့် ၂ စီးတွဲ ကွေ့ပြခြင်းနှင့် Breaking Off ခေါ် လေယာဉ် ၂ စီး ခွဲထွက်ပြီး လေယာဉ်ပြေးလမ်း ပေါ်သို့ ပြန်လည် ဆင်းသက်ခြင်း တို့ကို ပျံသန်း သရုပ်ပြကြသည်။

ထို့နောက် (၆၈)နှစ်မြောက် တပ်မတော်(လေ)နေ့ အထိမ်းအမှတ်အဖြစ် ဇီဝီတဒါန ငှက်လွှတ်ခြင်း ဆောင်ရွက်ကြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များက ငှက်အကောင်ရေ ၆၈ ကောင်တို့အား ဘေးမဲ့ လွှတ်ပေးကြသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်တော်ဝင် လေယာဉ်နှင့်ရဟတ်ယာဉ် များအား အမွှေးနံ့သာများ ပက်ဖျန်းပေးကြပြီး လှည့်လည် ကြည့်ရှုကြသည်။ ယင်းနောက် (၆၈) နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့ နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင် အခမ်းအနား အောင်မြင်ခြင်း အထိမ်းအမှတ် အဖြစ် မီးရှုး၊မီးပန်းများ ပစ်လွှတ်ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် Static Display၊ (၆၈)နှစ်မြောက် တပ်တော်(လေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဓာတ်ပုံပြခန်းနှင့် အမှတ်တရပစ္စည်း အရောင်းဆိုင် များအား လှည့်လည်ကြည့်ရှု ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က မောင်းနှင်ပျံသန်းခဲ့သော လေသူရဲများအား ဂုဏ်ပြု ချီးမြင့်ငွေများ ပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ (၆၈)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည် အထိမ်းအမှတ်နေ့ နှင့် လေယာဉ် ၊ ရဟတ်ယာဉ်များ တပ်တော်ဝင် အခမ်းအနားတွင် အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ (၆၈)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည် အထိမ်းအမှတ် ညစာစားပွဲနှင့် ပဒေသာကပွဲသို့ တက်ရောင်ဂုဏ်ပြုချီးမြှင့်စဉ်



တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အဖွဲ့ဝင်များနှင့်အတူ ညပိုင်းတွင် လေကြောင်း အတတ်သင် လေတပ်စခန်း၌ ကျင်းပပြုလုပ်သော (၆၈)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ညစာစားပွဲနှင့် ပဒေသာကပွဲသို့ တက်ရောက်ဂုဏ်ပြုချီးမြှင့်သည်။

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger