www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 7, 2015

ဆဋ္ဌမအကြိမ် တိုင်းရင်းဆေးတက္ကသိုလ် စားတမ်းဖတ်ပွဲတွင် အကောင်းဆုံး တိုင်းရင်းဆေး သုတေသနနှင့် သိပ္ပံသုတေသန စာတမ်း ၊ ပိုစတာများကို ဆုချီးမြှင့်


မန္တလေး ၊ ၇-၁၂-၂၀၁၅

ဆဋ္ဌမအကြိမ် တိုင်းရင်းဆေး တက္ကသိုလ် စာတမ်းဖတ်ပွဲကို ဒီဇင်ဘာ ၄ ရက်နှင့် ၅ ရက်တို့က မန္တလေး တိုင်းရင်း ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပခဲ့ရာ တိုင်းရင်းဆေး သုတေသနနှင့် သိပ္ပံ သုတေသန စာတမ်းရှင် ၂၅ ဦးက စာတမ်းဖတ်ကြား တင်သွင်းခြင်းနှင့် တိုင်းရင်းဆေး ပိုစတာ ၁ဝ ခု ခင်းကျင်း ပြသခြင်းမှ ဆုရရှိသူ များအား ဆုချီးမြှင့် ခဲ့ကြောင်း သိရသည်။

သိပ္ပံသုတေသန စာတမ်းတွင် အကောင်းဆုံးဆု ကို ပြင်ဦးလွင် ရုံးခွဲ ဆေးသုတေသန ဦးစီးဌာနမှ ဒေါ်လဲ့လဲဝင်း နှင့်အဖွဲ့၏ Study of some heavy metal contaminiation in two tinospora (ဆင်တုံးမနွယ်) Species က လည်းကောင်း၊ ဒုတိယဆုကို နေပြည်တော် တိုင်းရင်း ဆေးရုံကြီးမှ ဒေါ်မျိုးသီတာအေး နှင့် အဖွဲ့၏ ဝါဠုက ဓာတ်ဆေးတွင် ပါဝင်သော သတ္တုဓာတ် များကို တိုင်းတာ ဖော်ထုတ်ခြင်း က လည်းကောင်း၊ တတိယဆုကို မန္တလေး တိုင်းရင်းဆေး တက္ကသိုလ်မှ ဒေါ်မို့မို့အောင် နှင့်အဖွဲ့၏ Effect Of Modified Traditional Medicine Formulation- 16 (အပူငြိမ်းသွေးဆေး) In The Treatment Of Rajonivruti (Menopausal Syndrome) က လည်းကောင်း အသီးသီး ဆုများရရှိ ခဲ့ကြောင်း သိရသည်။

တိုင်းရင်းဆေး စာတမ်းတွင် အကောင်းဆုံးဆု ကို သုတေသန နှင့် ဖွံ့ဖြိုးရေးမှ ဒေါ်နေနေနိုင်ရည်  နှင့်အဖွဲ့၏ ဆေးဖက်ဝင် မွှေးရနံ့ဆီများ၏ ခန္ဓာကိုယ် ပေါ်တွင် အကျိုး သက်ရောက်မှုကို တိုင်းရင်းဆေး ပညာအရ စာပေ သုတေသန အမြင်ဖြင့် လေ့လာ တင်ပြခြင်း စာတမ်းက လည်းကောင်း၊ ဒုတိယ ဆုကို တောင်ကြီးမြို့ အေးသာယာ တိုင်းရင်းဆေး ရုံမှ ဒေါ်အေးအေးအောင် နှင့် အဖွဲ့၏ အကြော၊ အရိုး၊ အဆစ် ရောဂါများကို ဆေးရွက် ပြုတ်ရည်ဖြင့် ပေါင်းချွေးငွေ့ပေး ကုသခြင်း တွေ့ရှိမှု အခြေအနေ ကို လေ့လာခြင်း စာတမ်းက လည်းကောင်း၊ တတိယဆုကို မန္တလေး တိုင်းရင်း ဆေးတက္ကသိုလ် မှ ဒေါ်ခင်ရတနာလှိုင် နှင့် အဖွဲ့၏ Effect Of Myanmar Traditional Therapy Patients With Arisa (Haemorrhoids) စာတမ်းက လည်းကောင်း အသီးသီး ဆုများ ရရှိခဲ့ကြောင်း သိရသည်။

တိုင်းရင်းဆေး ပိုစတာပြိုင်ပွဲတွင် အကောင်းဆုံး ဆုကို ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် ရုက္ခဗေဒဌာနမှ ဒေါက်တာ ခင်ဖြူဖြူ ၏ Heavy Metal Hyper Accumulator Fern Angiopteris evecta and its Antioxidant Activity ပိုစတာက လည်းကောင်း၊ ဒုတိယဆုကို ကေသီပန် တိုင်းရင်းဆေး ထုတ်လုပ်ရေး အဖွဲ့၏ တိုင်းရင်းဆေး မြန်မာ့ ပရဆေးပင် ကုန်ကြမ်းများ၏ သန့်စင်မှုကို လေ့လာ တိုင်းတာခြင်း ပိုစတာက လည်းကောင်း၊ တတိယဆုကို ပြင်ဦးလွင်ရုံးခွဲ ဆေးသုတေသန ဦးစီးဌာနမှ ဒေါ်ခင်ထက်ဇင် အဖွဲ့ ၏ Antibacterial Activities of Extrects of Aerial Parts of Aristolochia Indica Linn. (Eiktha r amul i ) က လည်းကောင်း ဆုများ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။ (၁၅၆)

ရတနာပုံနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger