www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 4, 2015

ရန်ကုန်မြို့တွင်းမှ ဈေးဝယ်စင်တာနှင့် ကုန်တိုက်ကြီးများရှိ မီးဘေးအန္တရာယ် ကာကွယ်ရေး အစီအစဉ်များကို မီးသတ်ဦးစီးဌာနမှ ခြောက်လလျှင် တစ်ကြိမ် ပုံမှန်စစ်ဆေး



ရန်ကုန် ၊ ၄-၁၂-၂၀၁၅

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်းမှ ဈေးဝယ်စင်တာကြီး များနှင့် ကုန်တိုက်ကြီး များရှိ မီးဘေး အန္တရာယ် ကာကွယ်ရေး အစီအစဉ်များကို မီးသတ်ဦးစီး ဌာနမှ ခြောက်လလျှင် တစ်ကြိမ် ပုံမှန် စစ်ဆေးပေး နေကြောင်း မီးသတ်ဦးစီး ဌာနမှ သိရသည်။

နိုဝင်ဘာ ၁၇ ရက်တွင် ဒိုင်းမွန်းအင်းလျား အဆောက်အအုံ၏ ၂၂ ထပ်တွင် သစ်သားငြမ်း ပေါ်သို့ ဆလိုက်မီး ပြုတ်ကျရာမှ မီးလောင်ကျွမ်း ခဲ့ပြီး ငါးရက်အကြာ နိုဝင်ဘာ ၂၃ ရက်တွင် Junction Square ဈေးဝယ်စင်တာ အပေါ်ဆုံးထပ်ရှိ YKKO ကြေးအိုးဆိုင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သဖြင့် အထပ်မြင့် အဆောက်အအုံ များ၌ နေထိုင်သူများ အကြား မီးဘေးအန္တရာယ် နှင့် ပတ်သက်သည့် စိုးရိမ်မှုများ ရှိလာကြောင်း သိရသည်။

''ဈေးဝယ်စင်တာတွေ၊ အများပြည်သူ တွေနဲ့ သက်ဆိုင်တဲ့ အဆောက်အအုံ တွေမှာဆိုရင် မီးငြှိမ်းသတ်ရေး စနစ်တွေက မဖြစ်မနေ ပါကိုပါရမယ်လို့ သတ်မှတ်ထား ပြီးသားပါ။ အထပ်မြင့် တွေမှာလည်း Fire Alarm System တွေရဲ့ ဒီဇိုင်းပိုင်းတွေ၊ စနစ်တွေကိုပါ စစ်ရတယ်။ တကယ်လုပ်ဖြစ်၊ မဖြစ်ကတော့ ကွန်ဒိုတွေ၊ စင်တာတွေ အပေါ်မှာ မူတည်ပါတယ်။ စစ်ဆေးမှု လုပ်တဲ့အခါ မှာလည်း မြို့တော်စည်ပင် သာယာရေး ကော်မတီကပဲ တာဝန်ယူပြီး စစ်ဆေးရမယ်။ မီးသတ်ကလည်း စနစ်တစ်ခုလုံး အဆင်ပြေမှ လူနေထိုင် ခွင့်အတွက် ထောက်ခံချက် ပေးတယ်။ အမြဲတမ်း စစ်ဆေး နေဖို့လည်း လိုပါတယ်။ မီးသတ် အနေနဲ့ကလည်း နေရာစုံ လိုက်ကြည့်ဖို့ ဆိုတာ အကန့်အသတ်တော့ ရှိနိုင်တယ်'' ဟု အထပ်မြင့် အဆောက်အအုံ စီမံကိန်းများ စိစစ် ကြီးကြပ်ရေး ပညာရှင်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဈေးဝယ်စင်တာ များ၌ ထားရှိသည့် မီးသတ် ဆေးဘူးများ သက်တမ်းကုန်ခြင်း ရှိ၊မရှိ နှင့် မီးဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းစဉ် များအတွက် မီးသတ်ဦးစီး ဌာနမှ မကြာခဏ လာရောက် စစ်ဆေးပေး နေသကဲ့သို့ ဝန်ထမ်းများ ကိုလည်း မီးဘေးအန္တရာယ် ကာကွယ်ရေး လေ့ကျင့်ပေး ထားကြောင်း City Mart Holding Co., Ltd. မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၂ ရက်အထိ ရန်ကုန်တိုင်း ဒေသကြီး အတွင်း မီးလောင်သည့် အမှုပေါင်း ၁၅ မှု အထိရှိလာပြီး အဆိုပါ အမှုပေါင်း ၁၅ မှုတွင် မီးပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းမှု ခုနစ်မှု ရှိကြောင်း၊ မီးလောင်မှု များမှာ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊ ဗိုလ်တထောင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ မရမ်းကုန်း နှင့် သာကေတ အစရှိသည့် မြို့နယ်တို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger