www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, December 19, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၇) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၇) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၇) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် ကျောင်းဆင်းဗိုလ်လောင်း တပ်ခွဲများကို စစ်ဆေးစဉ် 

နေပြည်တော် ၊ ၁၉-၁၂-၂၀၁၅

နိုင်ငံတော်ကာကွယ်ရေး နှင့် ဘက်စုံလုံခြုံရေး တာဝန်များကို ပြည့်ဝစွာ ထမ်းဆောင်နိုင်စေရန် တပ်မတော်ကို စွမ်းရည်ရှိသည့် ခေတ်မီတပ်မတော် (Standard Army) အဖြစ် တည်ဆောက် နေသကဲ့သို့ တစ်ဖက်တွင်လည်း နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ကာကွယ်ဖော်ဆောင် မြှင့်တင်ပေးနိုင်ရန် ကြိုးပမ်းနေကြောင်း၊ ဆေးဝန်ထမ်း တပ်ဖွဲ့အနေဖြင့် တပ်မတော်နှင့် ပြည်သူကို အလုပ်အကျွေး ပြုရာတွင် “ ကျန်းမာ၊ ကြံ့ခိုင်၊ တိုက်နိုင်ရန် ” ၊ “ စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာ ” ဆိုသည့် မိမိတပ်ဖွဲ့၏ ဆောင်ပုဒ် များနှင့်အညီ လက်တွေ့ကျင့်ကြံ လုပ်ဆောင် ကြရမည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် က ယမန်နေ့နံနက် ၇ နာရီခွဲတွင် ရန်ကုန်မြို့၊ တပ်မတော် ဆေးတက္ကသိုလ် စစ်ရေးပြ ကွင်း၌ ကျင်းပပြုလုပ်သော တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၁၇) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားရာ၌ ထည့်သွင်း ပြောကြားသည်။

ဦးစွာ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် က ဗိုလ်လောင်းတပ်ခွဲ များ၏ အလေးပြုခြင်းကို ခံယူပြီး ကျောင်းဆင်း ဗိုလ်လောင်းတပ်ခွဲ များကို စစ်ဆေးသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ဗိုလ်လောင်း တပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက် တို့ဖြင့် ချီတက် အလေးပြုကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၇)မှ ထူးချွန်ဆုရ ဗိုလ်လောင်းများအား ဆုများပေးအပ် ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သင်တန်းဆင်း ဗိုလ်လောင်းများအား မိန့်ခွန်း ပြောကြားရာတွင် တပ်မတော် ဆေးတက္ကသိုလ် အနေဖြင့် ယနေ့အထိ ကျောင်းဆင်း အရာရှိ ဆရာဝန် ၄၅၃၅ ဦး မွေးထုတ်ပေးနိုင် ခဲ့ပြီး ၄င်းတို့အထဲမှ ပြည်တွင်း၊ ပြည်ပက မဟာဘွဲ့၊ ပါရဂူဘွဲ့ရ ၁၆၀၀ ကျော် ပေါ်ထွန်းလာခဲ့ပြီ ဖြစ်သည့် အတွက် တပ်မတော်နှင့် နိုင်ငံတော်၏ ကျန်းမာရေး စောင့်ေ ရှာက်မှု လုပ်ငန်းများတွင် အင်နှင့်အားဖြင့် ပါဝင် ထမ်းရွက် နေကြသည်ကို ဂုဏ်ယူဖွယ်ရာ တွေ့မြင်ရမှာ ဖြစ်ကြောင်း၊ သင်ကြား ပေးလိုက်သည့် ဆေးဘက်ဆိုင်ရာ ပညာရပ်များနှင့် စစ်ပညာရပ် များကို မှန်ကန်စွာ အသုံးချ၍ တာဝန်ကျရာ တပ်၊ ဒေသ အသီးသီးတွင် တပ်မတော်သား များနှင့် မိသားစုဝင် များကိုသာမက လမ်းပန်း ဆက်သွယ်ရေး ခက်ခဲပြီး ဝေးလံ ခေါင်ပါးသော ဒေသများ၌ နေထိုင်ကြသည့် တိုင်းရင်းသား ညီအစ်ကိုများ၏ ကျန်းမာရေး ကာကွယ် စောင့်ရှောက်မှု၊ ကျန်းမာရေး အသိပေး ဖြန့်ဝေမှု တာဝန်များကို ထမ်းဆောင် ကြရမည် ဖြစ်ကြောင်း၊ လက်နက်ကိုင် ရန်သူထက် မိမိတို့တာဝန်ယူ ကုသပေး ရမည့် ရောဂါအမျိုးမျိုး ပျောက်ကင်းအောင် ကုသပေးနိုင်ရန် အမြဲကြိုးစား လေ့လာရင်း ပြောင်းလဲ တိုးတက်နေသည့် ဆေးဘက်ဆိုင်ရာ ပညာရပ်များနှင့်အတူ ကြိုတင်ကာကွယ်မှု၊ ကုသမှုများနှင့် ရင်ဆိုင် တိုက်ပွဲဝင် နေကြရမှာ ဖြစ်ကြောင်း။

နိုင်ငံတော်ကို ကာကွယ်ရမည့် စစ်သည်များသည် ကျန်းမာကြံ့ခိုင်ရန် လိုအပ်သလို နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရန် အတွက် ကျန်းမာကြံ့ခိုင်ပြီး ဥာဏ်ရည် မြင့်မားသည့် လူသား အရင်းအမြစ်များ အများအပြား လိုအပ်ခြင်းကြောင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းမှ တစ်ဆင့် နိုင်ငံတော်နှင့် တပ်မတော်အတွက် ထိရောက်သော အထောက်အကူ ဖြစ်စေရန် စေတနာထား ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ “ကြိုတင် ကာကွယ်ခြင်း သည် ကုသခြင်းထက် ပိုထိရောက်သည် ” ဆိုသည့်အတိုင်း တပ်မတော်သားတိုင်း ကိုယ်စီ ကျန်းမာရေး အသိနှင့် မှန်ကန်စွာ နေထိုင်စားသောက် နိုင်ရေး ပညာပေးခြင်း၊ ရောဂါများ မဖြစ်ပွားအောင် ကြိုတင် ကာကွယ်ခြင်း များကို ထိထိရောက်ရောက် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ဝေးလံခေါင်ပါးသည့် နယ်မြေဒေသ အချို့မှ ဒေသခံပြည်သူ များကို လမ်းခရီး အခက်အခဲ ကြောင့်ဖြစ်စေ၊ နယ်မြေဒေသ လုံခြုံရေး ကြောင့်ဖြစ်စေ ပြည့်စုံ လုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် ကန့်သတ်ချက်များ၊ အခက်အခဲများ ရှိနေဆဲဖြစ်သည့် အတွက် သမိုင်းစဉ် တစ်လျှောက်လုံး နိုင်ငံတော်နှင့် ပြည်သူကို ကာကွယ် အလုပ်ကျွေး ပြုလာသည့် တပ်မတော် အနေဖြင့် ဒေသခံပြည်သူများ လိုအပ်နေသော ကျန်းမာရေး စောင့်ရှောက် ကုသမှုနှင့် ဆေးကာကွယ်ပေးရေး လုပ်ငန်းစဉ်များကို တစိုက်မတ်မတ် တတ်အားသရွေ့ ဆောင်ရွက်လျက် ရှိကြောင်း၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ် သြဂုတ်လအထိ နိုင်ငံ တနံတလျားက ဒေသခံပြည်သူ ၂၇၀၅၀၀ ဦးကို တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့များဖြင့် ကုသပေးခဲ့ပြီး တပ်မတော် ဆေးရုံများသို့ ၃၅၀၀ ကျော်ကို တက်ရောက် ဆေးကုသမှု ပေးနိုင်ခဲ့ကြောင်း၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုများကို တတ်စွမ်းသရွေ့ စေတနာ၊ မေတ္တာများဖြင့် ဆက်လက် အလုပ်ကျွေး ပြုလျက်ရှိကြောင်း။

သိပ္ပံနှင့်နည်းပညာများ အရှိန်အဟုန်ဖြင့် တိုးတက် ဖြစ်ပေါ်နေသည့် ခေတ်ဖြစ်သဖြင့် ဆေးသိပံ္ပပညာ နယ်ပယ် များတွင်လည်း ရောဂါရှာဖွေသည့် ပစ္စည်း ကိရိယာများ၊ ကုသသော ကိရိယာများ၊ ဆေးဝါးများ၊ ကုထုံးများသည် အမြဲဆန်းသစ် တိုးတက်ပေါ်ထွန်း နေသလို ထမ်မံ တွေ့ရှိလာရသော ရောဂါ အသစ်အဆန်း များကြောင့် ဆေးပညာ နယ်ပယ်မှာ စိန်ခေါ်မှုများ၊ စမ်းသပ်မှုများ ပြည့်နှက်နေသည့် နယ်ပယ်တစ်ခု ဖြစ်ကြောင်း၊ ဆေးဝန်ထမ်း တပ်ဖွဲ့ အနေဖြင့်လည်း ခေတ်နှင့်အညီ နည်းပညာ မြင့်မားသည့် ပစ္စည်းကိရိယာ များကို ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြုတတ်အောင်၊ တိုးတက်သည့် ကုထုံးသစ်များ၊ ဆေးဝါးများနှင့် ကုသပေးနိုင်အောင် မျက်ခြေမပြတ် လေ့လာသင်ယူ သွားကြရမှာ ဖြစ်ကြောင်း။ တဖက်မှာလည်း ခေတ်စနစ်များ ပြောင်းလဲ လာသည်နှင့်အမျှ ဆေးပညာနှင့် စစ်ဘက်ဆိုင်ရာ သိပ္ပံပညာရပ်များ ပေါင်းစပ်ပြီး အဏုမြူ၊ ဓါတု၊ ဇီဝလက်နက် များ ထုတ်လုပ် လာကြကြောင်း၊ ယင်း လက်နက်မျိုးနှင့် တိုက်ခိုက်မှု များ၏ အကျိုး သက်ရောက်မှု အန္တရာယ်ကို သိရှိပြီး ကာကွယ်နိုင်မည့် နည်းလမ်းများ၊ ကုသရမည့် နည်းလမ်းများကို သုတေသန လုပ်ထားကြရမှာ ဖြစ်ကြောင်း၊ သို့မှသာ အန္တရာယ် ကြုံလာလျှင် မိမိတပ်ဖွဲ့ဝင် များနှင့် ပြည်သူများကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာ ဖြစ်ကြောင်း။

ဆေးပညာ နယ်ပယ်တွင် ဆက်လက် လေ့လာရမည့် ပညာရပ်များမှာ ကျယ်ဝန်းစွာ ကျန်ရှိနေသေး သဖြင့် မိမိ ကိုယ်တိုင်သာမက ဆေးဝန်းထမ်းတပ်ဖွဲ့ တစ်ခုလုံးပါ ခေတ်မီ ဆေးဝါးကုသမှု ဆိုင်ရာ သုတေသန ပြုမှုများ ကိုလည်း စိတ်ဝင်တစား နှင့် စဉ်ဆက်မပြတ် ဆောင်ရွက် သွားကြရန် အလေးအနက် မှာကြားလိုကြောင်း၊ လက်တွေ့လုပ်ငန်း ဆောင်ရွက်ရာတွင် “ သစ္စာ၊ ပညာ၊ စေတနာ ” ဆိုသည့် တပ်မတော် ဆေးတက္ကသိုလ် ၏ ဆောင်ပုဒ်အတိုင်း ကျင့်ကြံနေထိုင် ပြုမူသွားကြရန် မှာကြားလိုကြောင်း၊ သစ္စာဆိုသည်မှာ တပ်မတော်အတွက် မရှိမဖြစ် လိုအပ်သော အင်အားတစ်ရပ် ဖြစ်ကြောင်း၊ သစ္စာဆိုသည့် စကား၏ အဓိပ္ပာယ်မှာ ကိုယ်နှုတ်နှလုံး သုံးပါးလုံးဖြင့် မှန်ကန်စွာ စောင့်ရှောက်ဆောင်ရွက်ခြင်း ဆိုသည်များကို သိရှိ နားလည်ပြီး လိုက်နာ ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း၊ မိမိတို့ တတ်မြောက်ထားသည့် ဆေးပညာရပ် များကို ပိုမိုတိုးတက် ကျွမ်းကျင်အောင် ကြိုးစားလေ့လာပြီး ရောဂါသက်သာ ပျောက်ကင်းစေလိုသည့် ကိုယ်ချင်းစာစိတ် မြင့်မြတ်သည့်စေတနာဖြင့် ကုသပေးပါက မိမိတို့၏ ကယ်ဆယ်ကုသမှု၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များသည် များစွာ တိုးတက်အောင်မြင်မှာဖြစ်ကြောင်း။

တပ်မတော် အရာရှိများ ဖြစ်ကြသည့် အတွက် တိုက်တွန်းချက်၊ တားမြစ်ချက်များ ဖြစ်သော တပ်မတော် စည်းမျဉ်း စည်းကမ်းများ၊ တပ်မတော် အက်ဥပဒေများ၊ နယ်ဘက်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ၊ ဥပဒေများကို သိရှိကြ ရမည်ဖြစ်သလို အလေးထား လိုက်နာကြရန် လည်းလိုအပ်ကြောင်း၊ ၄င်းအပြင် ဆရာဝန်များ ဖြစ်သည့်အတွက် ကျန်းမာရေး ၀န်ထမ်းများ လိုက်နာရမည့် ကျင့်ဝတ်များ၊ ဆရာဝန်များ လိုက်နာရမည့် ကျင့်ဝတ်များ၊ ကတိသစ္စာ များကို သေချာစွာ မှတ်သား လိုက်နာပြီး ပြုမူကျင့်ကြံ နေထိုင်ခြင်းဖြင့် ကုသမှုများ သည်လည်း အစွမ်းထက်၍ ထိရောက်လာမှာ ဖြစ်ကြောင်း။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံအကျဆုံးမှာ တည်ငြိမ်အေးချမ်းရေးပင်ဖြစ်ကြောင်း၊ တည်ငြိမ် အေးချမ်းမှုရှိမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မှာဖြစ်ကြောင်း၊ သို့ဖြစ်၍ ယခုအချိန်တွင် အမျိုးသား ပြန်လည်ပေါင်းစည်း ညီညွတ်ရေးကို တည်ဆောက်ပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းတည်ဆောက် နေခြင်းပင်ဖြစ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေးရရှိစေရန် ရေရှည်ဆက်လက် တည်ဆောက် သွား ရမည့် ကိစ္စများစွာ ရှိနေသေးသဖြင့် အရှည်ကိုမျှော်တွေးပြီး စစ်ရေးသတိ၊ နိုင်ငံရေးအမြင်များနှင့် ဆောင်ရွက်သွားကြရန် အထူး လိုအပ်ကြောင်း။

တပ်မတော်အနေဖြင့် အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်နှင့်အတူ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ကာကွယ်စောင့်ရှောက်ရန်၊ ပြည်သူလူထု အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိ ပါကြောင်း၊ နိုင်ငံတော်တွင် သဘာဝဘေးအန္တရာယ် အပါအ၀င် အရေးကြုံလာပါက တပ်မတော်သားတစ်ဦး မဖြစ်မနေ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန် လုပ်ဆောင်ပြီး ပြည်သူနှင့် တိုင်းပြည်က အားကိုးအားထား ရသည့် တပ်မတော် တစ်ရပ် ဖြစ်လာအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သဘာဝ ဘေးဒဏ်ခံရသည့် ဒေသများတွင် တပ်မတော်က ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဆေးကာကွယ် ပေးရေးလုပ်ငန်းများကို စိတ်ရင်းစေတနာဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း။

နိုင်ငံတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ေ ဖ်ာရင်း နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့်လည်း ဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင် ခိုင်ခိုင်မာမာ လျှောက်လှမ်းပြီး သစ္စာရှိရှိ တာဝန်ကျေ ပွန်ေ အာင် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော် ရှေ့ဆက်လျှောက်လှမ်းရမည့် လမ်းကြောင်း ခိုင်မာရန် အတွက် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံး ညီညွတ်ရေးနှင့်

ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးကြီးသည့်အတွက် တပ်မတော်က အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် ခံယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ သင်တန်းဆင်းအရာရှိများ အနေဖြင့် မိမိတာဝန်ကျရာ တပ်ဖွဲ့များတွင် တာဝန်ကျေပွန်ပြီး ရိုးသားကြိုးစားသည့် တပ်မတော်အရာရှိကောင်းတစ်ဦး၊ ထူးချွန်ထက်မြက်သည့် ဆေးသိပ္ပံပညာရှင်ကောင်းတစ်ဦးအဖြစ် တပ်မတော်ဆေး တက္ကသိုလ်၏ ဂုဏ်ကို ဆောင်နိုင်သော “ သမားဇာနည် အောင်စစ်သည် ” များဖြစ်အောင် ကြိုးပမ်းကြရန် တိုက်တွန်းကြောင်းဖြင့် ဂုဏ်ပြုအမှာစကား ပြောကြားသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ဗိုလ်လောင်းတပ်ရင်း များ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြ အခမ်းအနားမှ ပြန်လည် ထွက်ခွာခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၇) မှ အောင်စစ်သည်ဆုနှင့် လေ့ကျင့်ရေး ထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၅၁၄၇ ဗိုလ်လောင်း ပြည့်ဖြိုးအောင် အား ဆုချီးမြှင့်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၇) မှ စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၅၁၄၂ ဗိုလ်လောင်း ပိုင်စိုးဦး အား ဆုချီးမြှင့်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၇) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် ဗိုလ်လောင်းတပ်ခွဲ များ၏ ချီတက်အလေးပြုခြင်းကို ခံယူစဉ်

တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၇) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် သင်တန်းဆင်းဗိုလ်လောင်း များ၏ မိဘဆွေမျိုး များကို တွေ့ရစဉ်   

ထို့နောက် တပ်မတော်ေ ဆးတက္ကသိုလ် ကျောင်း အစည်းအဝေးခန်းမတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များအား ပါမောက္ခချုပ် ဗိုလ်မှူးကြီး ကိုကိုလွင်မှ ဆေးပညာ သင်ကြားမှု ဆိုင်ရာများ၊ သင်ကြားရေး ကာလ သတ်မှတ်မှု၊ ပြည်တွင်းပြည်ပ လက်ခံအသိအမှတ်ပြုမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လက်ရှိ အခြေအနေအရ ပြောင်းလဲသင့်သည့် သင်ရိုးညွှန်းတမ်း များကို ပြောင်းလဲ သင်ကြား၍  ဆေးတက္ကသိုလ် မှ ပေးအပ်သည့် ဘွဲ့များကို ပြည်တွင်းပြည်ပမှ အဆင့်မီစွာ အသိအမှတ် ပြုရေး လိုအပ်သည်များ စီမံဆောင်ရွက်ရန် မှာကြားခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တပ်မတော် ဆေးတက္ကသိုလ် စာသင်ဆောင်ရှိ ဧည့်ခန်းမဆောင်၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်းများနှင့် မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြုချီးမြှင့်စကား ပြောကြားစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များအား ပါမောက္ခချုပ် ဗိုလ်မှူးကြီး ကိုကိုလွင် က ဆေးပညာသင်ကြားမှု ဆိုင်ရာများ ၊ သင်ကြားရေး ကာလသတ်မှတ်မှု ၊ ပြည်တွင်းပြည်ပ လက်ခံ အသိအမှတ်ပြုမှု အခြေအနေများကို ရှင်းလင်းတင်ပြစဉ်


မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger