www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 17, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိတ္ထီလာတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိတ္ထီလာတပ်နယ် မှ အရာရှိ ၊ စစ်သည် ၊ မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြားစဉ်


နေပြည်တော် ၊ ၁၇-၁၂-၂၀၁၅

တပ်မတော်သို့ ၀င်ရောက်ရာတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူ၊ သတ်မှတ်ထားသည့် စည်းကမ်းများနှင့် ကိုက်ညီသည့်သူဖြစ်မှသာ ၀င်ခွင့်ပြုထားခြင်း ဖြစ်၍ အလေးထား လိုက်နာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တပ်မတော်သို့ ၀င်ရောက်ပြီးချိန်မှ အငြိမ်းစား ယူသည်အထိ ပေးဆပ်ခဲ့သူ၊ ပေးအပ်ခဲ့သူ များကို နောက်ဆံ မတင်းရအောင် တပ်မတော် အနေဖြင့် ဖြည့်ဆည်း ဆောင်ရွက် ပေးလျက် ရှိကြောင်း၊ တပ်မတော်သားများ အနေဖြင့်  ကျရာတာဝန် များကို ရဲရဲဝံ့ဝံ့ ထမ်းဆောင် သွားကြရန် လိုအပ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ နံနက်ပိုင်းတွင် လေကြောင်း အတတ်သင် လေတပ်စခန်းရှိ မိတ္ထီလာတပ်နယ် ခန်းမ၌ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစု များအား တွေ့ဆုံအမှာစကား ပြောကြားရာ၌ ထည့်သွင်း ပြောကြားသည်။

တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က တပ်မတော်တွင် အုပ်ချုပ်မှုဆိုင်ရာ များကို မျှမျှတတ စီမံအုပ်ချုပ်ရန်နှင့် တာဝန်ခွဲဝေမှု များကို ညီညွတ်မျှတစွာ ဆောင်ရွက် သွားကြရန် လိုကြောင်း၊ အဆင့်အလိုက် တာဝန်ယူရသည့် အရာရှိ၊ စစ်သည် များအနေဖြင့် တာဝန်နှင့်အညီ စနစ်တကျ အုပ်ချုပ်ကြရမည် ဖြစ်ကြောင်း၊ တပ်နေပျော်ရေး အတွက် အဖက်ဖက်မှ ၀ိုင်းဝန်းကူညီ ဆောင်ရွက် ပေးသွားရန် လိုကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက်၍ အရက်သေစာ သောက်စားမူးယစ်မှု များကြောင့် ရောဂါဝေဒနာများ ရရှိကြပြီး အသက်အန္တရာယ် ဆုံးရှုံးသည်အထိ ဖြစ်ပွားသဖြင့် အသောက်အစား ကင်းအောင် စနစ်တကျ နေထိုင်သွားရန် လိုကြောင်း၊ တပ်မတော်၏ အဓိက အခြေခံအချက် ဖြစ်သည့် အမိန့်နာခံတတ်မှုနှင့် စည်းကမ်း ကောင်းမွန်မှုကို အဆင့်အတန်း အားလုံးမှ စနစ်တကျ လိုက်နာ ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း၊ တပ်မတော် အပေါ် ယုံကြည်မှု အားနည်းလာပါက နိုင်ငံတော်နှင့် လူမျိုးအတွက် ထိခိုက်မှုများ ရှိလာမည် ဖြစ်ကြောင်း၊ မိမိအလုပ် တာဝန်အပေါ် မှန်မှန်ကန်ကန် လေးလေးစားစား ဆောင်ရွက်သွားရန် လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက် သုတရသ စာအုပ်၊ စာစောင်များနှင့် လက်ဆောင် ပစ္စည်းများအား ပေးအပ်ရာ တပ်နယ်မှူးက လက်ခံရယူသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိတ္ထီလာတပ်နယ် မှ အရာရှိ ၊ စစ်သည် ၊ မိသားစုများအတွက် သုတရသ စာအုပ် ၊ စာစောင်များ နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ရာ တပ်နယ်မှူး က လက်ခံရယူစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ဇနီး ဒေါ်ကြူကြူလှ မိတ္ထီလာတပ်နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေပေးအပ်ရာ တပ်နယ်မှူး၏ဇနီး က လက်ခံရယူစဉ်
 
ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ က တပ်နယ် မိခင်နှင့်ကလေး စောင့်ရှောက် ရေးအသင်းအတွက် ချီးမြှင့်ငွေပေးအပ်ရာ တပ်နယ်မှူး၏ ဇနီးက လက်ခံရယူသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် တက်ရောက် လာကြသော အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိတ္ထီလာတပ်နယ် မှ အရာရှိ ၊ စစ်သည် ၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်စဉ်

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger