www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 16, 2015

မန္တလေးဒေသသို့ ခရီးသွားဧည့်သည့် ၀င်ရောက်မှုများသော်လည်း ဟိုတယ်များပြားလာသဖြင့် အခန်းခများ ယခင်နှစ်ကထက် လျော့နည်း



မန္တလေး ၊ ၁၆-၁၁-၂၀၁၅

မန္တလေးဒေသသို့ နိုင်ငံတကာ ခရီးသွား ဧည့်သည်များ ၀င်ရောက်မှု များသော်လည်း ယခုနှစ်တွင် ပြီးစီးသည့် ဟိုတယ် လုပ်ငန်းများလည်း အပြိုင်အဆိုင် ပေါ်ပေါက်လာရာ တည်းခို စရိတ်များ ယမန်နှစ် ကထက် လျော့နည်း သွားသည်ဟု ဟိုတယ် လုပ်ငန်းရှင် တစ်ဦးက ပြောပြသည်။ ထို့ပြင် မန္တလေး ဒေသသို့ ဝင်ရောက်မှုမှာ မျှော်မှန်းထားသည့် အခြေအနေသို့ မရောက်ရှိ သေးဟု ၄င်းက ပြောပြသည်။

''အရင်ကာလတွေ နဲ့ယှဉ်ရင်တော့ များတယ်လို့ ဆိုနိုင်ပေမယ့် မျှော်မှန်းထား သလောက် မဟုတ်သေးဘူး။ ဒါကြောင့် Booking ရရှိမှုလဲ နည်းတယ်။ ဟိုတယ်တွေ အနေနဲ့ ကိုယ့်ဆီမှာ အခန်းပြည့်ဖို့ နည်းမျိုးစုံနဲ့ ပရိုမိုးရှင်းတွေ လုပ်နေရတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

ယခုနှစ်၏ ဟိုတယ်အများစု အခန်းခ ပေါက်ဈေးမှာ ဒေါ်လာ ၄ဝ ခန့်တွင်ရှိပြီး ယမန်နှစ်က ၆၅ ဒေါ်လာထိ ရရှိခဲ့ကြောင်း သိရသည်။ အခန်းခများ ဈေးလျှော့နေရ သော်လည်း ခရီးသွား လုပ်ငန်းနှင့် ဆက်စပ်နေသော လုပ်ငန်းများ ထင်သလောက် တိုးတက် မလာသေးဟု သိရသည်။

''ဒီကိုလာတဲ့သူ အများစုက စီးပွားရေး လုပ်ငန်းရှင် တွေလို တတ်နိုင်တဲ့ အသိုင်းအ၀ိုင်း က နည်းတယ် ၊ ဒါကြောင့် ဒီမှာ သုံးစွဲမှုလည်း နည်းတဲ့အတွက် ဈေးကြီးတဲ့ ပစ္စည်းတွေ၊ အမှတ်တရ အသုံးအဆောင်တွေ သိပ်မရောင်း ရဘူး'' ဟု ဘုရားကြီး စောင်းတန်းရှိ မြန်မာ့လက်မှု ပစ္စည်း ဆိုင်ရှင်တစ်ဦးက ပြောပြသည်။

ယခုကာလသည် ခရီးသွားရာသီ မြင့်တက်မှု၏ အစပျိုးကာလ များဖြစ်သဖြင့် ဒီဇင်ဘာ၊ ဇန်နဝါရီလ တို့၏ အခြေအနေကို မခန့်မှန်း နိုင်သေး သော်လည်း လက်ရှိတွင် ရရှိသော Booking အနေအထား များအရ တိုးတက်မှု အနည်းငယ် ရှိကြောင်း သိရသည်။

မန္တလေးမြို့၏ အထင်ကရ နေရာများဖြစ်သော တောင်သမန်အင်း၊ မန္တလေးတောင်၊ မဟာမုနိ ဘုရားကြီး၊ နန်းတော် နေရာတို့တွင် စုဆုံရာ အရပ်များ ဖြစ်သောကြောင့် ကြိတ်ကြိတ်တိုးမျှ စည်ကားလေ့ ရှိကြောင်း သိရသည်။ သို့သော် အဆိုပါ ခရီးသွားများ စည်ကားရာ နေရာတို့တွင်မူ ယာဉ်ကြော ကျပ်တည်းခြင်းနှင့် သန့်ရှင်းမှု အားနည်းခြင်း တို့ကြောင့် ခရီးသွားများ စိတ် အနှောင့်အယှက် ဖြစ်ရသည်ဟု သိရသည်။ (၁၇၂)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger