www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 19, 2015

အိန္ဒိယနိုင်ငံမှ တိရစ္ဆာန်အစာ ကုန်ကြမ်းများ ကန်ထရိုက်စာချုပ်ဖြင့် ၀ယ်ယူရန်ညှိနှိုင်း



ရန်ကုန် ၊ ၁၉-၁၁-၂၀၁၅

အရောအနှောများ မပါဝင်ဘဲ အရည်အသွေး ပြည့်မီသည့် တိရ စ္ဆာန်အစာ ကုန်ကြမ်းများကို ပုံမှန်ဝယ်ယူ ရရှိနိုင်ရန် အိန္ဒိယနိုင်ငံနှင့် ကန်ထရိုက်စာချုပ် ချုပ်ဆိုရေး ညှိနှိုင်းမှုများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါး၊ ပုစွန်အစာ ထုတ်လုပ် ရောင်းဝယ်သူများ အသင်းမှ သိရသည်။

လက်ရှိတွင် တိရစ္ဆာန်အစာ ကုန်ကြမ်းများ ဖြစ်သည့် ပဲဖတ်၊ နှမ်းဖတ်၊ မုန်ညင်းဖတ်နှင့် ပန်းနှမ်း တို့ကို အမေရိကန်၊ အာဂျင်တီးနားနှင့် အိန္ဒိယ အစရှိသည့် နိုင်ငံတို့မှ တင်သွင်း ဝယ်ယူလျက် ရှိပြီး ကန်ထရိုက် စာချုပ်ဖြင့် ပုံမှန် ဝယ်ယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

လက်ရှိတွင် ပြည်ပမှ မှာယူတင်သွင်း နေသည့် တိရစ္ဆာန်အစာ ကုန်ကြမ်းများ အနက် အမေရိကန် နိုင်ငံမှ တင်သွင်းသည့် အစာ ကုန်ကြမ်းများမှာ အရည်အသွေး အကောင်းဆုံးနှင့် ဈေးနှုန်း အမြင့်မားဆုံး ဖြစ်နေခြင်း ကြောင့် အနည်းငယ်သာ တင်သွင်း နေကြောင်း သိရသည်။ ထို့ပြင် အာဂျင်တီးနား နိုင်ငံမှ အများဆုံးမှာယူ တင်သွင်းနေရပြီး အိန္ဒိယနိုင်ငံ မှလည်း တင်သွင်း မှာယူမှု များကို ၄ဝ ရာခိုင်နှုန်းခန့် ပြုလုပ် နေရကြောင်း မြန်မာနိုင်ငံ ငါး၊ ပုစွန်အစာ ထုတ်လုပ် ရောင်းဝယ်သူများ အသင်း ဥက္ကဋ္ဌ ဒေါက်တာ သက်မှူး ကပြောသည်။

''အရင်ကဆို အစာကုန်ကြမ်း တွေကို ပြည်ပကနေမှာရင် ကနဦးတော့ အရည်အသွေး ကောင်းတာ တွေပေးတယ်။ မှာတာ များလာရင် နောက်ပိုင်းမှာ အရောအနှော ပါတာတွေ၊ အရည်အသွေး မပြည့်ဝ တာတွေကိုပေးတယ်။ အဲဒါကြောင့် နောက်ပိုင်း ကန်ထရိုက် စာချုပ်နဲ့မှာဖို့ ညှိနှိုင်းတာပါ။ အရည်အသွေး တစ်သမတ်တည်း ရှိတဲ့ အစာကုန်ကြမ်း တွေကိုပဲ တင်သွင်းနိုင်ဖို့ အတွက် ရည်ရွယ်တာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။

နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ဇန်နဝါရီလ များအတွင်း မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် အစာကုန်ကြမ်း များကို ဝယ်ယူစုဆောင်း ရသည့် အချိန်ဖြစ်ပြီး ယင်းလများ အတွင်း အစာကုန်ကြမ်း ဈေးနှုန်းများ တည်ငြိမ်ကာ ပြည်တွင်း ဈေးကွက်အတွင်း ၌လည်း ပေါများ တတ်ကြောင်း သိရသည်။ (ထက်နေ)

မြ၀တီနေ့စဉ် ၊ စာ(၂၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger