www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 19, 2015

မိုင်းရှူး-တန့်ယန်း သွား ကားလမ်းဘေးတွင် လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲမှုဖြစ်ပွား


မိုင်းရှူးမြို့ အတွက် နတ်စင်အနီး ရေမြောင်းအတွင်းမှ တွေ့ရှိသော ပလတ်စတစ် လက်ပစ်ဗုံး

နေပြည်တော် ၊ ၁၉-၁၁-၂၀၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းရှူးမြို့၊ အမှတ်(၄) ရပ်ကွက်ရှိ မိုင်းရှူး- တန့်ယန်းသွား ကားလမ်းပေါ်တွင် နိုဝင်ဘာ ၁၇ ရက် ည ၁၁ နာရီခွဲခန့်တွင် လက်ပစ်ဗုံး တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ၊ အဆောက်အအုံ ထိခိုက်မှု မရှိကြောင်း သိရှိရသည်။

ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသို့ တပ်မတော်သား များနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း ရှင်းလင်းစဉ် ယမန်နေ့ နံနက် ၇ နာရီခွဲ ခန့်တွင် မိုင်းရှူးမြို့ အထွက် နတ်စင်အနီး ရေမြောင်း အတွင်းမှ ပလတ်စတစ် လက်ပစ်ဗုံး တစ်လုံးအား ထပ်မံ တွေ့ရှိခဲ့ပြီး တပ်မတော် အင်ဂျင်နီယာ တပ်ဖွဲ့မှ စနစ်တကျ ရှင်းလင်းဖယ်ရှား ဖျက်ဆီး ခဲ့သည်။

ပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ တရားခံ ဖော်ထုတ် ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့ဝင် များနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger