www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 19, 2015

ရန်ကုန်မြစ်အတွင်း နိုင်ငံတကာသင်္ဘောကြီးများ ၀င်ရောက်မှု များပြားလျက်ရှိ



ရန်ကုန် ၊ ၁၉-၁၁-၂၀၁၅

ရန်ကုန်မြို့ကြီး သည် နိုင်ငံတကာ နှင့်ကုန်စည် သွက်လက် မြန်ဆန်စွာ သယ်ယူပို့ဆောင် ပေးနေသော ဆိပ်ကမ်းကြီး များစွာ တည်ရှိရာ မြို့ကြီးဖြစ်၍ ရန်ကုန်မြစ် အတွင်းတွင်လည်း နိုင်ငံတကာမှ နိုင်ငံကူး သင်္ဘောကြီး အမြောက်အမြား ဝင်ထွက် သွားလာလျက် ရှိကြောင်း သိရသည်။

ဗိုလ်တထောင် ဘုရားကမ်းခြေ နှင့် ဒလမြို့ဘက် သမ္မတ ကမ်းခြေအကြား ရန်ကုန် မြစ်ကြောင်းတွင် ယမန်နေ့ နံနက် ၈ နာရီ က ကုန်သေတ္တာများ တင်ဆောင်ပြီး ဝင်ရောက်လာသော နိုင်ငံကူး သင်္ဘောကြီး များကို ကျောက်ချ ရပ်နားနိုင်ရန် အတွက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တွဲဆွဲရေယာဉ် များ အသုံးပြု၍ ရေကြောင်းပြ လိုအပ်ချက် အရ နေရာတည့်မတ် တွန်းပို့နေကြောင်း သိရသည်။

မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာန်ဝန်ရှိသူ ဦးအောင်ရွှေ က ''ရေသေရက် ဆိုရင် သင်္ဘောတွေက မလည်နိုင်ဘူး။ အဲသလို မလည်နိုင်တဲ့ သင်္ဘောတွေကို ရေကြောင်းပြ လိုအပ်ချက်အရ အဲဒီတွဲဆွဲ ရေယာဉ်တွေကို အသုံးပြု ပြီး တွန်းလှည့် နေရာချထား ပေးရပါတယ်။ အဓိက က သင်္ဘောကြီးတွေ ကျောက်ချမယ့်၊ ပြန်ထွက်မယ့် အခါမျိုးမှာ ဆောင်ရွက်ပေး ရတာပါ'' ဟု ပြောပြသည်။

''အခုတလော မြစ်အတွင်း နိုင်ငံတကာက သင်္ဘောကြီးတွေ အဝင်အထွက် များတယ်။ ကျောက်ချ ရပ်နားမယ့်၊ ပြန်လည် ထွက်ခွာမယ့် သင်္ဘောကြီး တွေကို ဆိပ်ကမ်းက တွန်းရေယာဉ် တွေနဲ့ နေရာချပေး နေတာကိုလည်း အမြဲတွေ့ နေရတယ်'' ဟု သမ္မတဆိပ်ကမ်း စက်သမ္ဗန်ဆိပ် ဥက္ကဋ္ဌ ဦးသန်းငြိမ်း က ပြောသည်။

ရန်ကုန်မြစ်ကမ်း တစ်လျှောက်တွင် သန်လျင်မြို့နယ်ရှိ သီလဝါ ဆိပ်ကမ်းနှင့် ရန်ကုန်ကမ်းခြေ ရှိ M.P.E ဆိပ်ကမ်းဗော်ရာ၊ ဗိုလ်အောင်ကျော်၊ ဆူးလေ၊ မြန်မာ့စက်မှု ဆိပ်ကမ်း (MIP) ၊ဗားဂရာနှင့် အေးရှားဝေါလ် စသည့် ဆိပ်ကမ်းကြီးများ ရှိပြီး မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တွင် နတ်မင်း (မီးသတ်တွဲဆွဲ) နှင့် မာန်အောင်(၃)၊ နတ်သား(၁)၊ နတ်သား(၂)၊ ဟိုင်းကြီး၊ တေဇ၊ ဟေမ၊ ကုန်ဘောင် စသည့် တွဲဆွဲရေယာဉ် များရှိကြောင်း သိရသည်။ (သန်းဌေး-ဒလ)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger