www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 21, 2015

ရုပ်မြင်သံကြားစက် နှင့် ကွန်ပျူတာများကို ဖျက်ဆီးမည့် USB Drive ဖန်တီး


ရုပ်မြင်သံကြားစက် နှင့် ကွန်ပျူတာများကို ဖျက်ဆီးမည့် USB Drive ဖန်တီး

ရုရှားနိုင်ငံ အခြေစိုက် ဟက်ကာအုပ်စု တစ်ခုမှ တီထွင်သည့် USB Drive မှာ ချိတ်ဆက်လိုက်သော ရုပ်မြင်သံကြားစက် များနှင့် ကွန်ပျူတာ များကို ဖျက်ဆီးနိုင်စွမ်း ရှိကြောင်း တွေ့ရှိခဲ့သည်ဟု သိရသည်။

Dark Purple ဟု အမည်ပေး ထားသည့် ရုရှားဆိုက်ဘာ လုံခြုံရေးအဖွဲ့ တစ်ဖွဲ့မှ ရုရှားဟက်ကာ အဖွဲ့တစ်ဖွဲ့ ဖန်တီးလိုက်သော USB Drive တစ်ခုကို စမ်းသပ်ခဲ့ရာတွင် သာမန် USB Drive အသွင် ဖန်တီးထား သော်လည်း ချိတ်ဆက်လိုက်သည့် ကွန်ပျူတာများ နှင့် ရုပ်မြင်သံကြား စက်များကို ဖျက်ဆီးနိုင် သည်ဟု တွေ့ရှိခဲ့ကြောင်း၊ ထို့အပြင် USB Drive ချိတ်ဆက်နိုင်သော တခြား Device များကိုလည်း ဖျက်ဆီးနိုင်စွမ်း ရှိသည်ဟု ယူဆထား ကြောင်း၊ Device တစ်ခုနှင့် ချိတ်ဆက်လိုက် ချိန်တွင် အဆိုပါ USB Drive သည် ၂၂ဝ ဗို့အားရှိသော လျှပ်စီးကြောင်းများ ဖန်တီးကာ Hardware ပိုင်းကို အမှားအယွင်းများ ဖြစ်စေရန် ဖန်တီးပြီး ပျက်စီးစေခြင်း ဖြစ်ကြောင်းနှင့် လက်တွေ့စမ်းသပ်ကြည့်ခဲ့ရာ ကွန်ပျူတာများ တွင် Motherboard များကို ပစ်မှတ်ထား ဖျက်ဆီးသည်ဟု တွေ့ရှိကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

ဟက်ကာများသည် ၄င်းတို့ ပစ်မှတ်ထားသည့် ဖောက်ထွင်း ခိုးယူမှုများ ပြုလုပ်ပြီးစီး ပါက မှတ်တမ်းမှတ်ရာ မကျန်စေရန် နည်းလမ်းများ ရှာဖွေရာတွင် USB Drive သုံးကာ အလွယ်တကူ ဖျက်ဆီးနိုင်မည့် နည်းလမ်းကို ဖန်တီးခဲ့ခြင်း ဖြစ်ဖွယ်ရှိသည် ဟု သတိပေးမှုများ ပေါ်ထွက်လျက် ရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger