www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 21, 2015

ယခုနှစ် ခရီးသွားရာသီအတွက် ဧရာဝတီမြစ်တွင်းသွား ခရီးသည်တင်သင်္ဘောများ စတင်ပြေးဆွဲ


ရန်ကုန် ၊ ၂၁-၁၀-၂၀၁၅

မြန်မာနိုင်ငံ၏ ခရီးသွားရာသီ အစဖြစ်သည့် အောက်တိုဘာလတွင် နိုင်ငံခြားခရီးသွား ဧည့်သည်များ အတွက် ဧရာဝတီ မြစ်တွင်းသွား သင်္ဘောခရီးစဉ်များ ပြန်လည် ပြေးဆွဲနေပြီ ဖြစ်ကြောင်း သင်္ဘောခရီးစဉ် များကို ဆောင်ရွက်ပေး နေသည့် ကုမ္ပဏီများ ထံမှ သိရသည်။

ဧရာဝတီမြစ်ကြောင်း မှတစ်ဆင့် ပုဂံ- မန္တလေး၊ ရန်ကုန်- ပြည်- မန္တလေး၊ ပြည်-ပုဂံ-မန္တလေး၊ ပုဂံ-မန္တလေး-ဗန်းမော် ခရီးစဉ်တို့ကို တစ်ညအိပ်မှ စ၍ ရက်ရှည် ခရီးစဉ်များ အထိ ပြန်လည်ပြေးဆွဲ နေပြီး ၄င်းခရီးစဉ် များကို အမေရိကန်နှင့် ဥရောပနိုင်ငံ များမှ ခရီးသွား အများစုမှာ စိတ်ဝင်စားမှု များပြားကြောင်း သိရသည်။

''ပုဂံ- မန္တလေး ခရီးစဉ်ကို ပိုပြီး သဘောကျ ကြတယ်။ ပုံသေခရီးစဉ် ရှိသလို Charter တွေလည်း ရှိတယ်။ အခုကစပြီး ဆွဲနေကြတယ်။ ကျွန်တော်တို့က လေးစင်း ထွက်ထားတယ်။ နောက်တစ်စင်း ကိုတော့ ဒီလလယ် လောက်မှ ထွက်ဖြစ်မယ်'' ဟု Ayarvata ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ အဖွဲ့ဝင် ဦးအောင်မြတ်ကျော် ကပြောသည်။

အောက်တိုဘာလ မှစတင်၍ မတ်လအထိ မြစ်ကြောင်းသွား သင်္ဘောများ ထွက်ရှိပြီး သင်္ဘောများ၏ ကြံ့ခိုင်မှု များအတွက် ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ နှစ်စဉ် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

ယင်း ခရီးစဉ်များမှာ နိုင်ငံခြား ခရီးသွား ဧည့်သည်များ မြစ်ကြောင်း အတွင်း သဘာဝအလှ များနှင့် ကမ်းကပ်သည့် မြို့များကို လည်ပတ်နိုင်ရန် စီစဉ်ပေးထားပြီး ၁ ရက်၊ ၂ရက်၊ ၄ ရက်၊ ၇ ရက်၊ ၁ဝ ရက် ခရီးစဉ်များ ရှိကာ ဈေးကွက်အတွင်း ကုမ္ပဏီ ခုနစ်ခုမှ သင်္ဘော အစင်းရေ ၂ဝ ခန့်ဖြင့် ခရီးစဉ်များ ရောင်းချပေးလျက် ရှိသည်။

ဇင်မင်းမြတ်

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger