www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 5, 2015

၂ဝ၅ဝပြည့်နှစ်တွင် ကမ္ဘာပေါ်၌ သက်ကြီးရွယ်အို ဦးရေ သန်း ၂ဝဝဝရှိလာမည်ဟု ကုလသမဂ္ဂအဖွဲ့က ခန့်မှန်းထား


ကုလသမဂ္ဂ ၊ ၅-၁၀-၂၀၁၅

၂ဝ၁၃ခုနှစ်က ကမ္ဘာပေါ်တွင် သက်ကြီးရွယ်အို ဦးရေ ၈၄၁ သန်း ရှိရာမှ ၂ဝ၅ဝ ပြည့်နှစ် ရောက်လျှင် သက်ကြီးရွယ်အို ဦးရေ သန်း ၂ဝဝဝ ရှိလာမည်ဖြစ်ရာ သက်ကြီး ရွယ်အိုဦးရေ နှစ်ဆဖြစ်လာ မည်ဖြစ်ကြောင်း ကုလသမဂ္ဂ အဖွဲ့ကြီး၏ ခန့်မှန်းချက်များ အရ သိရသည်။

ထို့ပြင် လက်ရှိ မြန်မာနိုင်ငံတွင် ၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက် ထုတ်ပြန်ချက် အရ နိုင်ငံ၏ လူဦးရေ စုစုပေါင်း ၅၁ ဒသမ ၄၈၆ သန်းအနက် ၄ ဒသမ ၄၇၄ သန်း ( ၈ ဒသမ ၈၉ ရာခိုင်နှုန်း) သည် အသက် ၆ဝ နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ ဖြစ်၍ နိုင်ငံတွင် လူ ၁၁ ဦးလျှင် တစ်ဦးသည် သက်ကြီးရွယ်အို ပိုင်းကို ရောက်ရှိ နေပြီဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

၁၉၉၉ ခုနှစ်က ပထမဦးဆုံး အကြိမ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို များနေ့ ကျင်းပခဲ့ရာ၌ စာရင်း ကောက်ယူမှုအရ အသက် တစ်ရာကျော် ဘိုးဘွား ၁၁၇ ဦးသာ ရှိခဲ့ပြီး လက်ရှိအချိန်တွင် အသက် ရာကျော် ဘိုးဘွား ၁၁၇၉ ဦးထိ ရောက်ရှိ လာကြောင်း၊ ထိုသို့ တစ်နှစ်ထက် တစ်နှစ် သက်ကြီးရွယ်အို ဦးရေ မြင့်တက် လာမှုကြောင့် ၂ဝ၅ဝ ပြည့်နှစ် ရောက်လျှင် သက်ကြီးရွယ်အို ဦးရေသည် ၂ဝ၁၃ ခုနှစ်ရှိ သက်ကြီးရွယ်အို ဦးရေထက် နှစ်ဆ ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။

''ကမ္ဘာ့ဒေသတချို့မှာ သက်ကြီး ရွယ်အို အရေအတွက် မြင့်မား လာသလို ကျန်းမာရေး စောင့်ရှောက်မှုလဲ တိုးတက်မြှင့်မား လာပါတယ်။ ဒါ့ပြင် သက်ကြီးရွယ်အို တွေရဲ့ လူ့အဖွဲ့အစည်းမှာ ရပ်တည်နေ တဲ့ အခန်းကဏ္ဍ ကလဲ ပိုမိုသိသာ ထင်ရှား လာပါတယ် ''ဟု ၄င်းက ဆက်လက် ပြောပြ၍ သိရသည်။

ပြည့်ဖြိုးအောင်

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger